လောက်ကိုင်မှာ တိုက်ပွဲများ ဖြစ်ပွား

0
303

ဒီကနေ့မနက် ၂ နာရီလောက်က ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရတာတွေနဲ့ သေဆုံးမူတွေ ရှိနေပါတယ်။

(ဓာတ်ပုံ- Facebook)

 

အဲဒီတိုက်ပွဲမှာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ပါတယ်။ အခုလို အပြစ်မဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာမ တစ်ဦး သေဆုံးခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်က ၀မ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ အခုလို တိုက်ပွဲတွေ ဖြစ်တာဟာ မြန်မာတပ်မတော်က ထိုးစစ် ဆင်နေတာတွေကြောင့် မလွဲမရှောင်သာတဲ့အတွက် အခုလို တိုက်ပွဲတွေ ဖြစ်နေရတာလို့ ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)