တိမ်းမှောက်ယာဉ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

0
267

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့တဲ့ စူပါကာစတန် ယာဉ်ထဲကနေ တရားမဝင် တင်ဆောင်လာတဲ့ ပျဉ်းကတိုး သစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ အဲဒီကားဟာ မိုင်တိုင်အမှတ် ၁၄၀ အကျော်မှာ ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်ခဲ့တာ
ဖြစ်ပါတယ်။

တိမ်းမှောက် ယာဉ်ထဲကနေ တရားမဝင် သယ်ဆောင်လာတဲ့ ပျဉ်းကတိုး တစ်တန်ခွဲခန့် စစ်ဆေး သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းနဲ့ လိုက်ပါလာသူတွေကတော့ ထွက်ပြေးသွားပါတယ်။

ထွက်ပြေးသွားသူများကို ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းက စုံစမ်းစစ်ဆေးနေပြီး သစ်တောဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)