နိုင်ငံသားတိုင်း မူလတန်းပညာ သင်ယူပြီးမြောက်ရေး ကျောင်းသစ်များ ဖွင့်လှစ်မယ်

0
294

နိုင်ငံသားတိုင်း မူလတန်းပညာ သင်ယူပြီးမြောက် နိုင်စေရေးနဲ့ အလယ်တန်းပညာ၊ အထက်တန်းပညာ ဆက်လက် သင်ယူနိုင်စေရေး တို့အတွက် အခြေခံပညာကျောင်းများ အသစ်ဖွင့်လှစ်ခြင်းနဲ့ ကျောင်းအဆင့် တိုးမြှင့်ခြင်းတွေ လုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

မတ်လ ၅ ရက်နေ့က ထားဝယ်တက္ကသိုလ်၊ ကောလိပ်များနဲ့ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနဲ့ တွေ့ဆုံစဉ် အဲဒီလို
ပြောကြားခဲ့တာပါ။

သွားလာရေး ခက်ခဲတဲ့ ဒေသတွေမှာ ဦးစားပေး တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)