နှလုံးခွဲစိတ်မှု ခံယူသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ကျန်းမာရေး အခြေအနေကောင်း

0
284

ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးမှာ မတ်လ ၅ ရက်နေ့က နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပါတယ်။

မွေးရာပါ နှလုံးအဆို့ရှင်မလုံခြင်းနဲ့ သွေးကြောမကြီးနေခြင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ရှိ Liverpool Heart and Chest Hospital မှာ Chief of Surgery နဲ့ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ ပါမောက္ခ ဒေါက်တာ အောင်ရဲဦးက ဦးဆောင်ပြီး အထူးကု ပါမောက္ခ ဆရာဝန်ကြီးများက ခွဲစိတ်ပေးကြတာ ဖြစ်ပါတယ်။

အထူးကြပ်မတ်ဆောင်မှာ ၂ ရက်နဲ့ ဆေးရုံမှာ တစ်ပတ် သို့မဟုတ် ၁၀ ရက်ခန့် နေဖို့ လိုအပ်ကြောင်း ဒေါက်တာ အောင်ရဲဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)