တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား ၇ သိန်း ၆ သောင်း ကျော်ရှိ

0
294

မြန်မာနိုင်ငံမှာ အရေးကြီး အစိုးရစစ် စာမေးပွဲတစ်ခုဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ၇၆၇၀၀၀ ရှိပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းကျောင်းနဲ့ ပုဂ္ဂလိကကျောင်းများကနေ ဖြေဆိုမယ့် သူများအနက် ရန်ကုန်ကနေ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ အရေအတွက် ၁၁၄၀၀၀ ရှိပါတယ်။

တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်လ ၈ ရက်ကနေ ၁၇ ရက်အထိ ၄၄ မြို့နယ်ရှိ စာဖြေဌာန ၂၁၇ ခုမှာ ကျင်းပမှာ ဖြစ်ပါတယ်။
နိုင်ငံခြားရောက် ကျောင်းသားကျောင်းသူ ၁၇၄ ဦးအတွက်လည်း စာဖြေဌာန ၁၇ ခု ဖွင့်ထားပေးမှာ ဖြစ်ပါတယ်။

ယမန်နှစ်တုန်းကတော့ ကျောင်းသားကျောင်းသူ ၆၇၁၆၇၀ ဝင်ရောက် ဖြေဆိုခဲ့ကြပါတယ်။
အောင်ချက် ရာခိုင်နှုန်းကတော့ ၇.၆၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)