မြန်အောင်မြို့နယ်မှာ သမီးအရင်းက မိခင်ကိုသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွား

0
293

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်မှာ သမီးအရင်းက မိခင်ကိုသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးတဲ့မိခင်က သမီးအရင်းကို နေ့တိုင်း အိမ်ပေါ်ကနေ နှင်ချ ဆဲဆိုကြိမ်းမောင်းခဲ့တဲ့အတွက် သမီးအရင်းကလည်း မိခင်ကို လည်ပင်းညှစ် သတ်ခဲ့တာလည်းဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ မိခင်ကို သမီးအရင်းက မြေကြီးထဲမှာ ကျင်းတူးပြီး အလောင်းကို ဖျောက်ဖျက်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီ အလောင်းဟာဆိုရင် လအနည်းငယ်တောင်ကြာနေပြီး အိမ်ဘေးနားအနီးတစ်ဝိုက်မှာ ပုပ်စော်နံ့ ရရာကတော့ အစပြုပြီး အခုလို လူသတ်မှုတစ်ခု ဖော်ထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်အောင်မြို့မရဲစခန်းက မိခင်ကို သတ်ခဲ့တဲ့ သမီးကို အမှုဖွင့် ဖမ်းဆီးထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)