မြစ်ကြီးနားမြို့မှာ ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် မိုး/ဇလ ဒု ဦးစီးမှူး သေဆုံး

0
588

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မတ်လ(၅)ရက်နေ့က ဂတ်စ်အိုးပေါက်ကွဲလို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ဒုဦးစီးမှူး ခေါင်းပြတ်သေဆုံးခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရုံးအတွင်း ဒုတိယဦးစီးမှူး ဦးဘရန်ရှောင်က သူရဲ့ နေအိမ်နောက်ဘေးမှာ ဂတ်စ်အိုးစပ်နေစဉ်မှာ အဲဒီဂတ်စ်အိုးက ထပေါက်ကွဲပြီး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

မိုး/ဇလ ဦးစီးမှူးကတော့ ဂတ်စ်အိုးပေါက်ကွဲမှုရဲ့အရှိန်ဟာ ပြင်းတာကြောင့် နေရာမှာတင် ခေါင်းပြတ်သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)