NLD အစိုးရ ရက် ၁၀၀ အတွင်း စီးပွားရေး အမြန်အဆန် တိုးတက်နိုင်ဖို့ ဆွေးနွေး

0
302

NLD အစိုးရ ရက် ၁၀၀ အတွင်း စီးပွားရေး မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲနိုင်ဖို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ စီးပွားရေးကော်မတီတို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို MCN နေပြည်တော် သတင်းထောက် ခိုင်သဇင်ဦးပေးပို့ထားပါတယ်။

မတ်​လ ၅ ရက်​​နေ့ ​နေ့လယ်​ပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စီးပွားရေးကော်မတီဝင် ၈ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြတာပါ။
အဲ့​တွေ့ဆုံပွဲမှာ ​နောင်​တက်​လာမယ့်​ အန်​အယ်​လ်​ဒီ အစိုးရသစ်​တက်​ပြီး ရက်​ ၁၀၀ အတွင်း ပြည်​သူလူထုနဲ့တိုင်းပြည်​ရဲ့အကျိုးစီးပွားမြန်​မြန်​ဆန်​ဆန် ​တိုးတက်​ပြောင်းလဲနိုင်​​ရေး အဓိကထား ​ဆွေး​နွေးခဲ့ကြတယ်လို့ NLD စီးပွား​ရေး​ကော်​မတီအဖွဲ့ဝင်​ဦး​ကျော်​ဝင်းက​ပြောလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)