နိုင်ငံရေးပါတီကိုးခု စုပေါင်းပြီး ညီညွတ်သော နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ ဖွဲ့စည်း

0
147

၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးနှစ်ခုထဲ ကြီးစိုးတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး မဖြစ်စေဖို့ နိုင်ငံရေးပါတီ ၉ ခုက စုပေါင်းပြီး ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဝေထွန်းက ပေးပို့ထားပါတယ်။

ညီညွတ်သော နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဟာမိတ်ပါတီ အချင်းချင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို ယှဉ်ပြိုင်သွားမှာ မဟုတ်ဘဲ ယှဉ်ပြိုင်မယ့် မဟာမိတ် ကိုယ်စားလှယ်လောင်းကို ဝန်းရံသွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီ ၉ ခုဖွဲ့စည်းထားတဲ့ ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ကို မိတ်ဆက်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ ရှိတဲ့ City Star ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

Sound Bite ; ဦးအေးလွင် ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့

လက်ရှိမြန်မာနိုင်ငံရေးမှာ လွှမ်းမိုးနေတဲ့ USDP နဲ့ NLD ပါတီတို့နဲ့ အပြိုင် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့ ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့အနေနဲ့ ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ကိုအေးလွင်က ပြောပါတယ်။


နိုင်ငံရေးပါတီကိုးခု စုပေါင်းပြီး ညီညွတ်သော နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ ဖွဲ့စည်း

၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးနှစ်ခုထဲ ကြီးစိုးတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုး မဖြစ်စေဖို့ နိုင်ငံရေးပါတီ ၉ ခုက စုပေါင်းပြီး ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ဒီသတင်းကို  MCN သတင်းထောက် ဝေထွန်းက ပေးပို့ထားပါတယ်။

ညီညွတ်သော နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဟာမိတ်ပါတီ အချင်းချင်း ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေကို ယှဉ်ပြိုင်သွားမှာ မဟုတ်ဘဲ ယှဉ်ပြိုင်မယ့် မဟာမိတ် ကိုယ်စားလှယ်လောင်းကို ဝန်းရံသွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးပါတီ ၉ ခုဖွဲ့စည်းထားတဲ့ ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့ကို မိတ်ဆက်တဲ့ အခမ်းအနားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ ရှိတဲ့ City Star ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

Sound Bite ;  ဦးအေးလွင် ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့

လက်ရှိမြန်မာနိုင်ငံရေးမှာ လွှမ်းမိုးနေတဲ့ USDP နဲ့ NLD ပါတီတို့နဲ့ အပြိုင် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ဖို့  ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့အနေနဲ့ ကြိုးစားပြီး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ကိုအေးလွင်က ပြောပါတယ်။

Sound Bite ;  ဦးအေးလွင် ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ

ညီညွတ်သောနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ့အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နေရာ အားလုံးနီးပါး ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေတာဖြစ်ပါတယ်ခင်ဗျား။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)