ဆလံုတိုင္းရင္းသားေတြ အလုပ္အကိုင္အတြက္ လက္မႈပညာ သင္ၾကားေပးမယ္

0
1058

တနသၤာရီတိုင္း၊ ၿမိတ္ကြ်န္းစုမွာ ေနထိုင္တဲ့ ဆလံု တိုင္းရင္းသားေတြကို အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးေပးႏိုင္ေရးအတြက္ လက္မႈပညာ သင္ၾကားေပးမွာ ျဖစ္ပါတယ္။

ေကာ့ေသာင္းၿမိဳ႕နယ္၊ မႀကံဳဂလပ္ရြာမွာ ေနထုိင္တဲ့ ဆလံုတိုင္းရင္းသားေတြကို Tint Tint Myanmar Group of Companies ခရီးသြားလုပ္ငန္းက လက္မႈပညာေတြ အခမဲ့ သင္ၾကားေပးမွာ ျဖစ္ပါတယ္။

ေဒသထြက္ ခ႐ု၊ ကမာေတြနဲ႔ တျခားထြက္ကုန္ေတြကို လက္မႈပညာနဲ႔ ဖန္တီးကာ SME အေသးစားလုပ္ငန္း လုပ္ကိုင္တတ္ေအာင္ အခမဲ့ သင္ၾကားေပးမွာ ျဖစ္ပါတယ္။

ဆလံု အမ်ိဳးသား၊ အမ်ိဳးသမီးေတြကို စက္ခ်ဳပ္သင္တန္းေတြ၊ ခ႐ု၊ ကမာ လက္မႈ ပညာသင္တန္းနဲ႔ ဟိုတယ္သံုး ပစၥည္းေတြ ျပဳလုပ္ၿပီး တစ္ဦးခ်င္း ဝင္ေငြရရွိေအာင္ သင္ၾကားေပးဖို႔ ရည္ရြယ္ထားတယ္လို႔ ကုမၸဏီက တာဝန္ရွိသူ ေဒၚတင့္တင့္လြင္က ေျပာပါတယ္။

ဆလံုတိုင္းရင္းသားေတြရဲ႕ ေဒသထြက္ လက္မႈပညာ ပစၥည္းေတြကို အျမတ္အစြန္း မယူဘဲ ကုမၸဏီက ႏိုင္ငံျခားသားေတြကို တာဝန္ယူ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ဆလုံတိုင်းရင်းသားတွေ အလုပ်အကိုင်အတွက် လက်မှုပညာ သင်ကြားပေးမယ်

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုမှာ နေထိုင်တဲ့ ဆလုံ တိုင်းရင်းသားတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် လက်မှုပညာ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ကော့သောင်းမြို့နယ်၊ မကြုံဂလပ်ရွာမှာ နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေကို Tint Tint Myanmar Group of Companies ခရီးသွားလုပ်ငန်းက လက်မှုပညာတွေ အခမဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဒေသထွက် ခရု၊ ကမာတွေနဲ့ တခြားထွက်ကုန်တွေကို လက်မှုပညာနဲ့ ဖန်တီးကာ SME အသေးစားလုပ်ငန်း လုပ်ကိုင်တတ်အောင် အခမဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဆလုံ အမျိုးသား၊ အမျိုးသမီးတွေကို စက်ချုပ်သင်တန်းတွေ၊ ခရု၊ ကမာ လက်မှု ပညာသင်တန်းနဲ့ ဟိုတယ်သုံး ပစ္စည်းတွေ ပြုလုပ်ပြီး တစ်ဦးချင်း ဝင်ငွေရရှိအောင် သင်ကြားပေးဖို့ ရည်ရွယ်ထားတယ်လို့ ကုမ္ပဏီက တာဝန်ရှိသူ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။ ဆလုံတိုင်းရင်းသားတွေရဲ့ ဒေသထွက် လက်မှုပညာ ပစ္စည်းတွေကို အမြတ်အစွန်း မယူဘဲ ကုမ္ပဏီက နိုင်ငံခြားသားတွေကို တာဝန်ယူ ရောင်းချပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)