ရခုိင္အေရး စိတ္ခံစားမႈေရွ႕တန္းမတင္ဘဲ ဥာဏ္အေမွ်ာ္အျမင္ႏွင့္ ေဆာင္ရြက္ေန (႐ုပ္/သံ)

0
1874

ရခုိင္ျပည္နယ္အေရးနဲ႔ ပတ္သက္ျပီး အစိုးရအေနနဲ႔ ဥာဏ္အေမွ်ာ္အျမင္၊ ဆင္ျခင္တံုတရားေတြနဲ႔ တည္တည္ျငိမ္ျငိမ္ ေဆာင္ရြက္ေနတယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ေဖေဖၚ၀ါရီ ၅ ရက္က ျပဳလုပ္တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းအတြင္းမွာ မက္မန္းမဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ေအးက ႏုိင္ငံတကာအသုိင္းအ၀ိုင္းက ရိုဟင္ဂ်ာ ဆုိတဲ့ အသံုးအႏႈန္းကို အသံုးျပဳျပီး ေဖာ္ျပေနတာကို အစိုးရကဘယ္လိုေျဖရွင္းမလဲ ေမးျမန္းခဲ့တာပါ။

ဒါအျပင္ ရခုိင္ျပည္နယ္မွာ ရိုဟင္ဂ်ာအမည္ခံ ဘဂၤလီေတြကို စနစ္တက်မရွင္းထုတ္ႏုိင္ဘူးဆုိရင္ ရခုိင္ျပည္နယ္ အစိတ္စိတ္အမႊာမႊာ ကြဲသြားႏုိင္တယ္လို႔ ဦးတင္ေအးက ေျပာပါတယ္။

Soundbite – ဦးတင္ေအး ( ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ မက္မန္းမဲဆႏၵနယ္)

ဦးတင္ေအးရဲ႕ ေမးျမန္းမႈကို အလုပ္သမား၊ လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး ဦးသိန္းေဆြက ျပန္လည္ေျဖၾကားရာမွာေတာ႔ ႏုိင္ငံတကာမွာျပဳလုပ္တဲ့ အစည္းအေ၀းေတြမွာ ျမန္မာအစိုးရအေနနဲ႔ ရိုဟင္ဂ်ာဆုိတဲ့ အသံုးအႏႈန္းကို အသံုးျပဳခဲ့ျခင္းမရွိဘူးလို႔ ျပန္လည္ေျဖဆုိခဲ့ပါတယ္။
ဒါ့အျပင္ ရခုိင္ျပည္နယ္အေရးနဲ႔ ပတ္သက္ျပီး စိတ္ခံစားမႈကို ေရွ႕တန္းမတင္ဘဲ ဥာဏ္အေမွ်ာ္အျမင္ရွိရွိနဲ႔ ေဆာင္ရြက္ေနတယ္လုိ႔ ျပည္ေထာင္စု၀န္ၾကီး ဦးသိန္းေဆြ က ေျပာပါတယ္။

Soundbite-ဦးသိန္းေဆြ (ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

ရခိုင္အေရးနဲ႔ပါတ္သက္ျပီး ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆုိင္ရာလူ႔အခြင့္အေရးကိုယ္စားလွယ္ မစၥယန္ဟီးလီးဟာ ရုိဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံသားတုိင္းရင္းသားလူမ်ိဳးစုအျဖစ္ေပးဖုိ႔ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ R2P စာတမ္းအတြင္းမွာ ေဖာ္ျပခဲ့ဖူးပါတယ္။ ရိုဟင္ဂ်ာအသံုးအႏႈန္းနဲ႔ ပတ္သက္ျပီး အရင္အစုိးရလက္ထက္က ျမန္မာႏိုင္ငံမွာ ရုိဟင္ဂ်ာမရွိဘူးလို႔ ျပတ္သားစြာ ျငင္းဆုိထားပါတယ္ခင္ဗ်ာ ။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဉာဏ်အမျှော်အမြင်၊ ဆင်ခြင်တုံတရားတွေနဲ့ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက်ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီ ၅ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်းမှာ မက်မန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုပြီး ဖော်ပြနေတာကို အစိုးရကဘယ်လိုဖြေရှင်းမလဲ မေးမြန်းခဲ့တာပါ။

ဒါအပြင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို စနစ်တကျမရှင်းထုတ်နိုင်ဘူးဆိုရင် ရခိုင်ပြည်နယ် အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်တယ်လို့ ဦးတင်အေးက ပြောပါတယ်။

Soundbite – ဦးတင်အေး ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မက်မန်းမဲဆန္ဒနယ်)

ဦးတင်အေးရဲ့ မေးမြန်းမှုကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားရာမှာတော့ နိုင်ငံတကာမှာပြုလုပ်တဲ့ အစည်းအဝေးတွေမှာ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုခဲ့ခြင်းမရှိဘူးလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စိတ်ခံစားမှုကို ရှေ့တန်းမတင်ဘဲ ဉာဏ်အမျှော်အမြင်ရှိရှိနဲ့ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

Soundbite-ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

ရခိုင်အရေးနဲ့ပါတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီးဟာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတိုင်းရင်းသားလူမျိုးစုအဖြစ်ပေးဖို့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ R2P စာတမ်းအတွင်းမှာ ဖော်ပြခဲ့ဖူးပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြတ်သားစွာ ငြင်းဆိုထားပါတယ်ခင်ဗျာ ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)