
0
2043


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နှစ် သန်း ၁၀ဝ သက်တမ်းရှိ အမြီးပါ ပင့်ကူ မြန်မာ့ ပယင်းထဲမှာ တွေ့

နှစ်ပေါင်း သန်း ၁၀ဝ သက်တမ်းရှိပြီး ခန္ဓာကိုယ်ထက် ပိုရှည်တဲ့ အမြီးပါ ပင့်ကူမျိုးစိတ် တစ်မျိုးကို မြန်မာနိုင်ငံက ထွက်တဲ့ ပယင်းကျောက်ထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

အရင်တုန်းက မသိရှိခဲ့ဖူးတဲ့ အဲဒီ အမြီးပါ ပင့်ကူရှိ ပယင်းကျောက်ကို မြန်မာနိုင်ငံ မြောက်ပိုင်း မိုးသစ်တောထဲက ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ အမြီး ၃ မီလီမီတာ၊ ခန္ဓာကိုယ် ၂ ဒသမ ၅ မီလီမီတာ ရှိတဲ့ အဲဒီ အမြီးပါ ပင့်ကူကြောင့် ဒိုင်နိုဆောတွေထက် စောပြီး ရှိခဲ့ဖူးတဲ့ ပင့်ကူမျိုးနွယ်နဲ့ ဒီနေ့ခတ် ပင့်ကူတွေရဲက ဆက်စပ်မှုကို သိပ္ပံပညာရှင်တွေ ရှာဖွေနိုင်ခဲ့ပါတယ်။

ဒီ အမြီးပါ ပင့်ကူအကြောင်းကို အခု ဖေဖော်ဝါရီလမှာ ထုတ်ဝေတဲ့ သဘာဝ ဂေဟဗေဒနှင့် ဆင့်ကဲဖြစ်စဉ် ဂျာနယ်မှာ သုတေသန စာတမ်းအဖြစ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)