ႏိုင္ငံတကာ သံအဖြဲ႔ ရခိုင္ျပည္နယ္ ျပန္လည္ေနရာခ်ထားေရး သြားေရာက္ ေလ့လာ

0
1839

ျပည္ေထာင္စုအစိုးအဖြဲ႔႐ံုး ဝန္ႀကီး ဦးေသာင္းထြန္း ဦးေဆာင္တဲ့ ႏိုင္ငံတကာ သံအဖြဲ႔ဟာ ဒီေန႔ ေဖေဖာ္ဝါရီ ၆ ရက္ မနက္ပိုင္းမွာ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကို ေရာက္ရွိလာပါတယ္။

အဲဒီအဖြဲ႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး၊ အိႏၵိယ သံအမတ္ႀကီး၊ စင္ကာပူ သံအမတ္ႀကီးနဲ႔ ဘဂၤလားေဒ့ရွ္ သံအဖြဲ႔တို႔ ပါဝင္ပါတယ္။

ႏိုင္ငံတကာ သံအဖြဲ႔ဟာ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ အတူ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း၊ ျပန္လည္ေနရာခ်ထားေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနတဲ့ လွဖိုးေခါင္၊ ငါးခူရ၊ ေတာင္ၿပိဳလက္ဝဲ ေနရာေတြကို ေလ့လာဖို႔ ရဟတ္ယာဥ္ေတြနဲ႔ ထြက္ခြာသြားၾကၿပီး ညေနပိုင္းမွာ စစ္ေတြကို ျပန္ေရာက္ၾကမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာ သံအဖွဲ့ ရခိုင်ပြည်နယ် ပြန်လည်နေရာချထားရေး သွားရောက် လေ့လာ

ပြည်ထောင်စုအစိုးအဖွဲ့ရုံး ဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်တဲ့ နိုင်ငံတကာ သံအဖွဲ့ဟာ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။

အဲဒီအဖွဲ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ အိန္ဒိယ သံအမတ်ကြီး၊ စင်ကာပူ သံအမတ်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ် သံအဖွဲ့တို့ ပါဝင်ပါတယ်။

နိုင်ငံတကာ သံအဖွဲ့ဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အတူ မောင်တောမြို့နယ် မြောက်ပိုင်း၊ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လှဖိုးခေါင်၊ ငါးခူရ၊ တောင်ပြိုလက်ဝဲ နေရာတွေကို လေ့လာဖို့ ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာသွားကြပြီး ညနေပိုင်းမှာ စစ်တွေကို ပြန်ရောက်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)