
0
1855




>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဏ္ဏားကျွန်း စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံရင် အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့် ပိုမိုခံစားရမယ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း စက်မှုဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေဟာ ဥပဒေအရ ခံစားခွင့်ရမယ့် အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်ကို တခြားဒေသတွေထက် ပိုပြီး ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းဟာ ဖွံ့ဖြိုးမှု နည်းပါးတဲ့ ဒေသမှာ ပါဝင်တဲ့အတွက် အခုလို ခံစားခွင့် ပိုပေးမှာ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ချိုက မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ပြောသွားတာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်း စက်မှုဇုန်မှာ အစ္စရေးနိုင်ငံက Exo World Group ကုမ္ပဏီကို မြေဧက ၅၀ ငှားရမ်းခွင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)