ဦးဘိုဘိုမင္းသိုက္ကို လုပ္ႀကံသူေတြ မူးယစ္ေဆးေရာင္းၿပီး AA ကို ေထာက္ပံ့သူေတြ ျဖစ္

0
2317

ဦးဘိုဘိုမင္းသိုက္ကို လုပ္ႀကံရာမွာ ပါဝင္တဲ့ပတ္သက္တဲ့ ေက်ာ္ျမင့္နဲ႔ သားျဖစ္သူ မင္းသန္းေဌးတို႔ဟာ ရွမ္းျပည္နယ္ကေန မူးယစ္ေဆးဝါးေတြ ဝယ္ၿပီး ဘူးသီးေတာင္၊ ေမာင္ေတာေဒသမွာ ေကာ္မရွင္စားနဲ႔ ဆက္သြယ္ေရာင္းဝယ္တာ၊ ကိုယ္တိုင္ ဝယ္ယူေရာင္းခ်တာေတြ လုပ္ၿပီး AA လက္နက္ကိုင္ အဖြဲ႔ကို ေထာက္ပံ့ေနသူေတြ ျဖစ္ေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလကေန ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလအထိ WY စိတ္ၾကြေဆးျပား ၄၄ သိန္း ေရာင္းခ်ၿပီး က်ပ္ ၃၉၇၅ သိန္း ရရွိခဲ့ပါတယ္။ အဲဒီေငြေတြနဲ႔ မႏၱေလးၿမိဳ႕ေန အမ်ိဳးသမီး ထံကေန ပစၥတို ၂ လက္၊ က်ည္ေဘာက္ ၄ ခု၊ M-16 ေသနတ္ ၉ လက္၊ M-16 က်ည္ဘူး ၃၀၀၊ M-16 က်ည္ေဘာက္ ၃၈ ခု၊ ေနာက္ထပ္ ပစၥတို ၂ လက္နဲ႔ က်ည္ေဘာက္ ၄ ခု၊ ျမဝတီၿမိဳ႕ေန အမ်ိဳးသား တစ္ဦးထံကေန ပစၥတို ၁ လက္၊ က်ည္ေဘာက္ ၁ ခု၊ က်ည္ ၉ ေတာင့္၊ M-16 ေသနတ္ ၁၉ လက္၊ က်ည္ေဘာက္ ၃၈ ခုနဲ႔ က်ည္ အေတာင့္ ၆ ေထာင္၊ ပစၥတို ၅ လက္၊ က်ည္ေဘာက္ ၈ ခု၊ က်ည္ ၅၉ ေတာင္တို႔ကို ဝယ္ယူစုေဆာင္းခဲ့ပါတယ္။

ေသနတ္ ၂၃ လက္၊ က်ည္ေဘာက္ ၄၆ ခု၊ က်ည္ ၆၀၅၀ ေတာင့္တို႔ကို AA အဖြဲ႔ထံ လွ်ိဳ႕ဝွက္ပို႔ေဆာင္ေပးခဲ့ၿပီး ပစၥတို ၁ လက္၊ က်ည္ေဘာက္ ၁ ခု၊ က်ည္ ၉ ေတာင့္တို႔ကို တိမ္ညိဳေက်းရြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ေက်ာ္ျမင့္က ကိုင္ေဆာင္ဖို႔ သိမ္းဆည္းထားခဲ့ေၾကာင္း ဝန္ခံ ထြက္ဆိုပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသူတွေ မူးယစ်ဆေးရောင်းပြီး AA ကို ထောက်ပံ့သူတွေ ဖြစ်

ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံရာမှာ ပါဝင်တဲ့ပတ်သက်တဲ့ ကျော်မြင့်နဲ့ သားဖြစ်သူ မင်းသန်းဌေးတို့ဟာ ရှမ်းပြည်နယ်ကနေ မူးယစ်ဆေးဝါးတွေ ဝယ်ပြီး ဘူးသီးတောင်၊ မောင်တောဒေသမှာ ကော်မရှင်စားနဲ့ ဆက်သွယ်ရောင်းဝယ်တာ၊ ကိုယ်တိုင် ဝယ်ယူရောင်းချတာတွေ လုပ်ပြီး AA လက်နက်ကိုင် အဖွဲ့ကို ထောက်ပံ့နေသူတွေ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအထိ WY စိတ်ကြွဆေးပြား ၄၄ သိန်း ရောင်းချပြီး ကျပ် ၃၉၇၅ သိန်း ရရှိခဲ့ပါတယ်။ အဲဒီငွေတွေနဲ့ မန္တလေးမြို့နေ အမျိုးသမီး ထံကနေ ပစ္စတို ၂ လက်၊ ကျည်ဘောက် ၄ ခု၊ M-16 သေနတ် ၉ လက်၊ M-16 ကျည်ဘူး ၃၀ဝ၊ M-16 ကျည်ဘောက် ၃၈ ခု၊ နောက်ထပ် ပစ္စတို ၂ လက်နဲ့ ကျည်ဘောက် ၄ ခု၊ မြဝတီမြို့နေ အမျိုးသား တစ်ဦးထံကနေ ပစ္စတို ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၉ တောင့်၊ M-16 သေနတ် ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနဲ့ ကျည် အတောင့် ၆ ထောင်၊ ပစ္စတို ၅ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၅၉ တောင်တို့ကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။

သေနတ် ၂၃ လက်၊ ကျည်ဘောက် ၄၆ ခု၊ ကျည် ၆၀၅၀ တောင့်တို့ကို AA အဖွဲ့ထံ လျှို့ဝှက်ပို့ဆောင်ပေးခဲ့ပြီး ပစ္စတို ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၉ တောင့်တို့ကို တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကျော်မြင့်က ကိုင်ဆောင်ဖို့ သိမ်းဆည်းထားခဲ့ကြောင်း ဝန်ခံ ထွက်ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)