မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ံုးတို႔ ေဖေဖာ္ဝါရီ ၁၃ မွာ NCA လက္မွတ္ေရးထိုးမယ္

0
1790

မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ံုးတို႔ရဲ႕ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးပြဲကို ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔မွာ ေနျပည္ေတာ္ MICC – II မွာ က်င္းပမွာ ျဖစ္ပါတယ္။

အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန ဒုတိယ ဥကၠ႒၊ ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ံုး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက NCA သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးပြဲ အခမ္းအနား က်င္းပေရး လုပ္ငန္းညွိႏိႈင္း အစည္းအေဝးမွာ အခုလို ေျပာသြားတာ ျဖစ္ပါတယ္။

တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြ ျဖစ္တဲ့ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ံုးတို႔ဟာ ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၃ ရက္ေန႔မွာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္တို႔နဲ႔ သီးျခားစီ ေတြ႔ဆံုခဲ့ၿပီး NCA စာခ်ဳပ္မွာ လက္မွတ္ေရးထိုးဖို႔ သေဘာတူခဲ့တာ ျဖစ္ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ဖေဖော်ဝါရီ ၁၃ မှာ NCA လက်မှတ်ရေးထိုးမယ်

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နေပြည်တော် MICC – II မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပြီး NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)