႐ိုဟင္ဂ်ာလူမ်ိဳး မရွိဘူးလို႔ ဝန္ႀကီး ဦးသိန္းေဆြ ေျပာ

0
1720

ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာလူမ်ိဳး မရွိဘူးလို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

မေန႔က ေဖေဖာ္၀ါရီလ ၅ ရက္ေန႔မွာ က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ မက္မန္း မဲဆႏၵနယ္က ဦးတင္ေအးက တိုင္းရင္းသား မ်ိဳးႏြယ္စုေတြမွာ ႐ိုဟင္ဂ်ာ လူမ်ိဳးမရွိေၾကာင္းကို ျမန္မာႏိုင္ငံရွိ တိုင္းရင္းသား ျပည္သူလူထုသာမက ကမာၻ႔ႏိုင္ငံ အသီးသီးကို သိေစဖို႔ ဘယ္လိုေဆာင္ရြက္ထားလဲလို႔ ေမးျမန္းမႈကို ဝန္ႀကီး ဦးသိန္းေဆြက ျပန္လည္ေျဖဆိုရာမွာ ေျပာၾကားခဲ့တာပါ။

တိုင္းရင္းသား လူမ်ိဳး ၁၃၅ မ်ိဳးထဲမွာ ႐ိုဟင္ဂ်ာ လူမ်ိဳး မပါတဲ့အျပင္ အာဆီယံ အစည္းအေဝးေတြ ကမာၻ႔ႏိုင္ငံေတြနဲ႔ UN အဖြဲ႔အစည္း၊ INGO ေတြ ျပဳလုပ္တဲ့ ႏိုင္ငံတကာ အစည္းအေဝးေတြကို သြားေရာက္တဲ့ အလုပ္႐ုံေဆြးေႏြးပြဲေတြမွာ  ဝန္ႀကီးဌာန အသီးသီးက ဝန္ထမ္းေတြကလည္း ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ လူမ်ိဳး မရွိတဲ့အေၾကာင္းကို စဥ္ဆက္မျပတ္ တုံ႔ျပန္ေျပာၾကားေနတယ္လို႔ ဝန္ႀကီးက ေျဖဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ ဝန်ကြီး ဦးသိန်းဆွေ ပြော

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မက်မန်း မဲဆန္ဒနယ်က ဦးတင်အေးက တိုင်းရင်းသား မျိုးနွယ်စုတွေမှာ ရိုဟင်ဂျာ လူမျိုးမရှိကြောင်းကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံ အသီးသီးကို သိစေဖို့ ဘယ်လိုဆောင်ရွက်ထားလဲလို့ မေးမြန်းမှုကို ဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေဆိုရာမှာ ပြောကြားခဲ့တာပါ။

တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ လူမျိုး မပါတဲ့အပြင် အာဆီယံ အစည်းအဝေးတွေ ကမ္ဘာ့နိုင်ငံတွေနဲ့ UN အဖွဲ့အစည်း၊ INGO တွေ ပြုလုပ်တဲ့ နိုင်ငံတကာ အစည်းအဝေးတွေကို သွားရောက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ဝန်ကြီးဌာန အသီးသီးက ဝန်ထမ်းတွေကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး မရှိတဲ့အကြောင်းကို စဉ်ဆက်မပြတ် တုံ့ပြန်ပြောကြားနေတယ်လို့ ဝန်ကြီးက ဖြေဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)