ဦးဘိုဘိုမင္းသိုက္ကို လုပ္ႀကံမႈ AA လက္နက္ကိုင္အဖြဲ႔ရဲ႕ ႀကိဳတင္ႀကံစည္ လုပ္ေဆာင္မႈ ျဖစ္

0
2002

ယခင္ ေျမာက္ဦး ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဘိုဘိုမင္းသိုက္ကို လုပ္ႀကံသတ္ျဖတ္ဖို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔က   ႀကိဳတင္ႀကံစည္ လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ပါတယ္။

၂၀၁၇ ခုႏွစ္ ဧၿပီလမွာ ရခိုင္တပ္မေတာ္ ဖလား (AA Cup) ေဘာလံုးၿပိဳင္ပြဲကို အႀကိမ္ႀကိမ္တားဆီးတာကို မလိုက္နာလို႔ အေရးယူမႈ၊ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႔ ရခိုင္ဘုရင္ႏိုင္ငံ အခ်ဳပ္အျခာ အာဏာက်ဆံုးျခင္း (၂၃၃) ႏွစ္ျပည့္ က်င္းပခြင့္ မရလို႔ ေျမာက္ဦးခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ံုးကို ဆႏၵျပ အၾကမ္းဖက္မႈတို႔ကို အေျခခံၿပီး ဦးဘိုဘိုမင္းသိုက္ကို လုပ္ႀကံခဲ့တာ ျဖစ္ပါတယ္။

ေက်ာ္ျမင့္ (ခ) ခိုင္ေက်ာ္က ဇန္နဝါရီလ ၂၅ ရက္ေန႔ ည အရက္ဝိုင္းမွာ AA စည္း႐ံုးေရးမႉး ကိုလတ္၊ စပိုင္၊ ေဇာ္မ်ိဳးေအာင္ (ခ) ေဇာ္မိုးေအာင္၊ ဝပ္ေရွာ့ဆရာ မ်ိဳးခ်စ္ေအာင္တို႔နဲ႔ ဦးဘိုဘိုမင္းသိုက္ကို သတ္ဖို႔ အစီအစဥ္ ဆြဲခဲ့ၾကတာ ျဖစ္ပါတယ္။

တိမ္ညိဳေက်းရြာ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ေက်ာ္ျမင့္က ဦးဘိုဘိုမင္းသိုက္ စစ္ေတြေျပာင္းရင္ လိုက္ပို႔ေပးမယ္လို႔ ေျပာထားၿပီး ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ မ်ိဳးခ်စ္ေအာင္ကို ယာဥ္ေမာင္းအျဖစ္၊ စပိုင္နဲ႔ ေဇာ္မ်ိဳးေအာင္တို႔ကို ကုန္တင္ကုန္ခ် အလုပ္သမားအျဖစ္၊ က်န္လူေတြက လမ္းက ေစာင့္ဆိုင္းသူေတြအျဖစ္ လုပ္ေဆာင္ၾကၿပီး ပုဏၰားကြ်န္းအဝင္မွာ ဦးဘိုဘိုမင္းသိုက္ကို လုပ္ႀကံၾကတာ ျဖစ္ပါတယ္။

ဦးဘိုဘိုမင္းသိုက္က ျပန္လည္ခုခံတဲ့အတြက္ ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး စပိုင္နဲ႔ ေဇာ္မ်ိဳးေအာင္တို႔က ဓားနဲ႔ ထိုးသတ္ခဲ့ကာ ယာဥ္လည္း လမ္းေဘးထိုးက် တိမ္းေမွာက္ခဲ့တာ ျဖစ္ပါတယ္။

အမႈနဲ႔ ပတ္သက္ၿပီး ေက်ာ္ျမင့္၊ ဇနီး ေဒၚၾကည္ၾကည္ဝင္း၊ သားအႀကီး မင္းသန္းေဌးနဲ႔ ဇနီး ခိုင္ဇာလိႈင္တို႔ကို ဖမ္းဆီး စစ္ေဆးေနၿပီး ဆက္လက္ စစ္ေဆးေဖာ္ထုတ္မယ္လို႔ ျပည္ထဲေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံမှု AA လက်နက်ကိုင်အဖွဲ့ရဲ့ ကြိုတင်ကြံစည် လုပ်ဆောင်မှု ဖြစ်

ယခင် မြောက်ဦး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံသတ်ဖြတ်ဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကြိုတင်ကြံစည် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလမှာ ရခိုင်တပ်မတော် ဖလား (AA Cup) ဘောလုံးပြိုင်ပွဲကို အကြိမ်ကြိမ်တားဆီးတာကို မလိုက်နာလို့ အရေးယူမှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ဘုရင်နိုင်ငံ အချုပ်အခြာ အာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ကျင်းပခွင့် မရလို့ မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဆန္ဒပြ အကြမ်းဖက်မှုတို့ကို အခြေခံပြီး ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

ကျော်မြင့် (ခ) ခိုင်ကျော်က ဇန်နဝါရီလ ၂၅ ရက်နေ့ ည အရက်ဝိုင်းမှာ AA စည်းရုံးရေးမှူး ကိုလတ်၊ စပိုင်၊ ဇော်မျိုးအောင် (ခ) ဇော်မိုးအောင်၊ ဝပ်ရှော့ဆရာ မျိုးချစ်အောင်တို့နဲ့ ဦးဘိုဘိုမင်းသိုက်ကို သတ်ဖို့ အစီအစဉ် ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကျော်မြင့်က ဦးဘိုဘိုမင်းသိုက် စစ်တွေပြောင်းရင် လိုက်ပို့ပေးမယ်လို့ ပြောထားပြီး ဇန်နဝါရီလ ၃၀ ရက်နေ့မှာ မျိုးချစ်အောင်ကို ယာဉ်မောင်းအဖြစ်၊ စပိုင်နဲ့ ဇော်မျိုးအောင်တို့ကို ကုန်တင်ကုန်ချ အလုပ်သမားအဖြစ်၊ ကျန်လူတွေက လမ်းက စောင့်ဆိုင်းသူတွေအဖြစ် လုပ်ဆောင်ကြပြီး ပုဏ္ဏားကျွန်းအဝင်မှာ ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံကြတာ ဖြစ်ပါတယ်။ ဦးဘိုဘိုမင်းသိုက်က ပြန်လည်ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စပိုင်နဲ့ ဇော်မျိုးအောင်တို့က ဓားနဲ့ ထိုးသတ်ခဲ့ကာ ယာဉ်လည်း လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး ကျော်မြင့်၊ ဇနီး ဒေါ်ကြည်ကြည်ဝင်း၊ သားအကြီး မင်းသန်းဌေးနဲ့ ဇနီး ခိုင်ဇာလှိုင်တို့ကို ဖမ်းဆီး စစ်ဆေးနေပြီး ဆက်လက် စစ်ဆေးဖော်ထုတ်မယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)