ယာဥ္ေမာင္းတစ္ဦးကို ဝိုင္းထိုးႀကိတ္တဲ့ ဆိုင္ကယ္သမားေတြကို ဖမ္းဆီး

0
1835

ရန္ကုန္တိုင္း၊ မဂၤလာဒံုၿမိဳ႕နယ္၊ ေထာက္ၾကန္႔မွာ ဆူဇူကီး ကားကို ေမာင္းလာတဲ့ ယာဥ္ေမာင္းကို မင္းမဲ့စ႐ိုက္ဆန္ဆန္ ဝိုင္းဝန္းထိုးႀကိတ္သူေတြကို ရဲတပ္ဖြဲ႔က ၃ နာရီအတြင္း ေဖာ္ထုတ္ ဖမ္းဆီးခဲ့ပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၅ ရက္ေန႔က ဇနီးေမာင္ႏွံႏွစ္ဦး သိမ္ႀကီးေစ်းကေန ေစ်းဝယ္ၿပီးျပန္လာစဥ္ ႐ုတ္တရက္ ဘရိတ္အုပ္တာကို အေၾကာင္းျပဳၿပီး ေထာက္ၾကန္႔အထိ လိုက္လာကာ ဆိုင္ကယ္ ၃ စီးေပၚက လူ ၅ ဦးက ယာဥ္ေမာင္းလာသူကုိ ဝိုင္းဝန္း ထိုးႀကိတ္ၾကတာ ျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြဟာ ေမွာ္ဘီၿမိဳ႕နယ္၊ သေႏၶပင္ေက်းရြာကေန ဆိုင္ကယ္ ၃ စီးနဲ႔ ေထာက္ၾကန္႔ၿမိဳ႕ဘက္ ထြက္သြားေၾကာင္း သတင္းရရွိတဲ့အတြက္ ေလွာ္ကားလမ္းခြဲမွာ ပိတ္ဆို႔ဖမ္းဆီးရာမွာ ျပစ္မႈက်ဴးလြန္သူ လိႈင္သာယာၿမိဳ႕နယ္ေန ေအာင္ျမင့္သူ (၃၀ ႏွစ္)၊ ညိဳေမာင္ (၂၄ ႏွစ္)၊ ေမွာ္ဘီၿမိဳ႕နယ္ေန ႏိုင္လင္း (၁၉ ႏွစ္)၊ သက္ပိုင္ဦး (၁၉ ႏွစ္) နဲ႔ မင္းထက္ေအာင္ (၂၅ ႏွစ္) တို႔ကို ဆိုင္ကယ္ ၃ စီးနဲ႔အတူ ဖမ္းမိပါတယ္။

သူတို႔ ၅ ဦးကို ဥပေဒနဲ႔ အညီ အေရးယူမွာ ျဖစ္ၿပီး ဆိုင္ကယ္ ၃ စီးကလည္း လိုင္စင္မဲ့ ျဖစ္တဲ့အတြက္ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ (၈) နဲ႔လည္း အေရးယူမယ္လို႔ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယာဉ်မောင်းတစ်ဦးကို ဝိုင်းထိုးကြိတ်တဲ့ ဆိုင်ကယ်သမားတွေကို ဖမ်းဆီး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မှာ ဆူဇူကီး ကားကို မောင်းလာတဲ့ ယာဉ်မောင်းကို မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ်သူတွေကို ရဲတပ်ဖွဲ့က ၃ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးခဲ့ပါတယ်။

မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့က ဇနီးမောင်နှံနှစ်ဦး သိမ်ကြီးဈေးကနေ ဈေးဝယ်ပြီးပြန်လာစဉ် ရုတ်တရက် ဘရိတ်အုပ်တာကို အကြောင်းပြုပြီး ထောက်ကြန့်အထိ လိုက်လာကာ ဆိုင်ကယ် ၃ စီးပေါ်က လူ ၅ ဦးက ယာဉ်မောင်းလာသူကို ဝိုင်းဝန်း ထိုးကြိတ်ကြတာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာကနေ ဆိုင်ကယ် ၃ စီးနဲ့ ထောက်ကြန့်မြို့ဘက် ထွက်သွားကြောင်း သတင်းရရှိတဲ့အတွက် လှော်ကားလမ်းခွဲမှာ ပိတ်ဆို့ဖမ်းဆီးရာမှာ ပြစ်မှုကျူးလွန်သူ လှိုင်သာယာမြို့နယ်နေ အောင်မြင့်သူ (၃၀ နှစ်)၊ ညိုမောင် (၂၄ နှစ်)၊ မှော်ဘီမြို့နယ်နေ နိုင်လင်း (၁၉ နှစ်)၊ သက်ပိုင်ဦး (၁၉ နှစ်) နဲ့ မင်းထက်အောင် (၂၅ နှစ်) တို့ကို ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းမိပါတယ်။

သူတို့ ၅ ဦးကို ဥပဒေနဲ့ အညီ အရေးယူမှာ ဖြစ်ပြီး ဆိုင်ကယ် ၃ စီးကလည်း လိုင်စင်မဲ့ ဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈) နဲ့လည်း အရေးယူမယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)