ငြိမ်းချမ်းရေး ရချင်တာဟာ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံဖို့အတွက် ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပြော

0
321

ငြိမ်းချမ်းရေး ရချင်တယ်ဆိုတာဟာ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံဖို့အတွက် ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီလ၆ရက် (ဒီကနေ့) နေပြည်တော်ရှိ သင်္ဂဟဟော်တယ် မှာ ကျင်းပတဲ့ UPDJC ” ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု့ ပူးတွဲကော်မတီ ” အစည်းအဝေးမှာ အခုလိုပြောကြား လိုက်တာပါ။

ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုဖြစ်စေမယ့် ခြေလှမ်းအချို့ကို တိတိကျကျ ပြတ်ပြတ်သားသားလှမ်းဖို့ ဆုံးဖြတ်ချက်တွေချမှတ်ပြီးပြီဆိုတဲ့ အဆင့်မျိုးဖြစ်စေချင်ပါတယ်လို့ပြောပါတယ်။ ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဘာလို့ လိုချင်လဲဆိုတော့ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံခြုံဖို့အတွက် စိတ်လုံခြုံမှုမရှိဘဲနဲ့ ဘယ်လိုမှချမ်းသာဖို့မရှိဘူး။ စိတ်မလုံခြုံဘဲ စိတ်ချမ်းသာမှုဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။

စိတ်လုံခြုံပြီးတော့ ကိုယ့်မှာ မလောက်မငှဖြစ်နေရင်လည်း တကယ့်လုံခြုံရေးမှု ဆိုတာမဖြစ်နိုင်ပါဘူး။ စစ်မှန်တဲ့ လုံခြုံမှုဆိုတာ ကိုယ့်ရဲ့ဘ၀အတွက် မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုမှ ကင်းဝေးနိုင်ဖို့ဖြစ်ပါတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ UPDJC ” ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု့ ပူးတွဲကော်မတီ အစည်းအဝေးမှာအဖွဲ့ဝင် ( ၄၈ ) ဦးနဲ့ တာဝန်ရှိသူတွေက NCA အရ , နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တွေအရ , UPDJC ToR တွေအရ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လက်ဆောင်ရွက်ကြမှာဖြစ်ပြီးUPDJC အစည်းအဝေး ပထမ အကြိမ်ကို ၂၀၁၅ အောက်တိုဘာလမှာ စခဲ့ပါတယ်။ ယခု အကြိမ်က
( ၉ ) ကြိမ်မြောက် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)