ငွေကျပ်သိန်း ၂၄၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိ

0
325

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့အ၀င်အနီးမှာ စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်း၂၄၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်ဖြူတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီဖမ်းဆီးမှုဟာ ဖေဖ်ာဝါရီလ ၅ ရက်နေ့ မနက်က နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာ ၀န်ထမ်းတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးတာတွေ ဆောင်ရွက်နေစဉ်မှာအခုလိုဖမ်းဆီးမိတာပါ။

လောက်ကိုင်မြို့မှ ချင်းရွှေဟော်မြို့ဘက်ကိုအငှားယာဉ်မောင်းလီကျိန်းဝေ(ဘ)ဦးရှောက်လောင် မောင်းနှင်ပြီးခရီးသည်ဒေါ်ကျန်ရှီအော(ဘ)ဦးလော်ပေါင်စီးနင်းလိုက်ပါလာတဲ့ ကော်ရိုလာဗင်အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ သစ်ကြားသီးကွေကာအုပ်အထုပ်နဲ့ ပဲနို့စက္ကူဖာ အတွင်း သိုဝှက်ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားပါ အပြာရောင်အိတ် ၅၈ အိတ်၊ ၁၉၀ ပြားပါ အပြာရောင်အိတ်တစ်အိတ် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅၀၀ ပြား(ကာလတန်ဖိုးငွေကျပ် ၁၇၂ သိန်းကျော်)နဲ့သစ်ကြားသီးကွေကာအုပ်အိတ်နဲ့ ထည့်သွင်းထားတဲ့ ဘိန်းဖြူ ၃၅၀ ဂရမ်ခန့်ပါ အထုပ်တစ်ထုပ် (ကာလတန်ဖိုးငွေကျပ်သိန်း၇၀ကျော်)၊(စုစုပေါင်းကာလတန်ဖိုးငွေကျပ်သိန်း၂၄၀ကျော်)ကို ရှာဖွေသိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)