ရီမုမိုင်းငါးလုံးနဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

0
309

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးလုံကျေးရွာအနီးရှိ အမှိုက်ပုံအတွင်းမှာ မသင်္ကာဖွယ်ရာစက္ကူပုံးတစ်ခုကိုတွေ့ရှိခဲ့တာကြောင့် သတင်း အရသက်ဆိုင်ရာ နယ်မြေခံတပ်မှတပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းအဖွဲ့ဟာ သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီစက္ကူပုံးအတွင်းမှာ အလျား ၆ လက်မ၊ အနံ ၃ လက်မခန့်ရှိ ရီမုမိုင်းငါးလုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို သက်မဲ့ပြုလုပ်ပြီး အဲဒီနေရာတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းတာတွေ ဆက်လက်ဆောင်ရွက်နေ ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)