ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေး တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြဖို့ တိုက်တွန်း

0
350

ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသူ နိုင်ငံသားတွေ ပြည်သူပြည်သားတွေရဲ့ ဂုဏ်သိက္ခာကို လေးစားရတဲ့ စနစ် ဖြစ်တာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခွဲခြားလို့မရတဲ့အပြင် လူသားတွေရဲ့ ဂုဏ်သိက္ခာကို တန်ဖိုး မထားရင်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဟုပြောလို့မရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ညနေက၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည် အဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအမှတ်(၂)မှာ ကျင်းပတဲ့အကြိမ်(၇၀) မြောက် မွန်အမျိုးသားနေ့အကြို ညစာစားပွဲ အခမ်း အနားမှာအခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင်လူသားတွေရဲ့ တိုးတက်ကောင်းမွန်ရေးအတွက် လူသားတွေ အပေါ် ကရုဏာ၊ မေတ္တာနဲ့ ပြုစုပြီး လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဂုဏ်ယူစရာ ဖြစ်ပြီး အဲဒီလိုလုပ်ရပ် တွေဟာ လူမျိုးမရွေး၊ နိုင်ငံမရွေး၊ ဘာသာ မရွေး ဂုဏ်ယူဖွယ်ရာကိစ္စဆိုတာကို ဘယ်လူ သားကမျှ ငြင်းပယ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအားလုံးက လိုလားတောင့်တနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်မှ ဦးဆောင် ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အခြားတိုင်းရင်းသား ညီအစ်ကိုမောင် နှမတွေ အဖွဲ့အစည်းတွေနဲ့အတူ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

အခမ်းအနားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ဇနီး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့မအတူ ဇနီးတွေ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေ ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်တွေမွန် တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)