ငြိမ်းချမ်းရေးတွဲလက်များ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယုဒဿာန် အသင်းတော်မှာ ကျင်းပပြုလုပ်

0
359

(၂၁)ရာစုပင်လုံညီလာခံ(ဒုတိယအကြိမ်)အတွက် ငြိမ်းချမ်းရေးအကြိုလှုပ်ရှားမှု စာနယ်ဇင်းနှင့်အဖွဲ့အစည်းများသို့ ရှင်းလင်းတင်ပြခြင်း “တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြောကြားပေး” ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ယုဒဿာန်ခရစ်ယာန် အသင်းတော်မှာ ဒီကနေ့ ဖေဖော်ဝါရီ(၆)ရက်၊ မနက်(၁၁)နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို မျက်မမြင်လူတွေနဲ့ မသန်စွမ်းလူပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြပြီး မျက်မမြင် လူငယ်တွေက ဒီအခမ်းအနားနဲ့ ပက်သက်တဲ့ ငြိမ်းချမ်းရေးတေးသီချင်းတွေကို သီဆိုကြမှာဖြစ်ပြီး မသန်စွမ်းတွေရဲ့ “ငြိမ်းချမ်းရေးတွဲလက်များ ၀ှီးချဲရထား” အစီအစဉ်ကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ မြစ်ကြီးနားကနေ နေပြည်တော်ကို ၀ှီးချဲများဖြင့် ခရီးသွားမှာဖြစ်ပြီး မိုင်ပေါင်း ၅၅၇ မိုင်နဲ့ မြို့နယ် ပေါင်း ၁၅ မြို့ကျော်ကို ဖြတ်သန်းကာ ငြိမ်းချမ်းရေး တေးသီချင်းများနဲ့ ဖျော်ဖြေသွားမှာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)