ပြည်ထောင်စုနေ့ အခမ်းအနား တည်ငြိမ်စွာ ကျင်းပနိုင်ဖို့ လုံခြုံရေး လုပ်ငန်းစဉ်တွေ ကြိုတင် ဆောင်ရွက်

0
373

နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အခမ်းအနား အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ဖို့အတွက် သက်ဆိုင်ရာ နေပြည်တော်ရဲတပ်ဖွဲ့မှ လုံခြုံရေးလုပ်ငန်းစဉ်တွေ ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး ကြိုတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။

အဲဒီလိုလုံခြုံရေး လုပ်ငန်းစဉ်တွေကို နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်ရဲ့ လမ်းညွှန်မှု၊ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ဇမ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်တို့ရဲ့ ကြီးကြပ်မှုနဲ့ အမှတ်(၁)မြို့မရဲစခန်းစခန်းမှူး ဒု-ရဲမှူးမြင့်ဌေးနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်နေကြတာပါ။

လုံခြုံရေးအရ အဓိကကျပြီး လူစည်ကားရာနေရာတွေဖြစ်တဲ့ သပြေကုန်း ဈေး၊ မြို့မဈေးနဲ့ လမ်းမတွေမှာ ယာဉ်တန်းနဲ့လှည့်လည်တာတွေ လက်နက်အပြည့်အစုံနဲ့ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်တာတွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်း အနီးကပ်ကြီးကြပ်မှုနဲ့အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေးအောင်နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဥတ္တရ ခရိုင်အတွင်းရှိ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ် စတဲ့ မြို့နယ်တွေရဲ့ လူစည်ကားရာ လမ်းတွေကို ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်ပြီး ခရိုင်အတွင်းရှိ ပတ်လမ်းတွေမှာ မီးဆိုင်းယာဉ်တွေနဲ့ လှည့်ကင်း ဆောင်ရွက်လျက်ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)