ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ်မြောက် လူထုထောက်ခံ ကြိုဆိုပွဲ ပြုလုပ်

0
339

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ၊ ဒုတိယ အကြိမ်မြောက် လူထုထောက်ခံ ကြိုဆိုပွဲကို ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင် မြက်ခင်းပြင်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဲဒီကြိုဆိုထောက်ခံပွဲမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေး ချိုးဖြူငှက်တွေ လွှတ်ခဲ့ကြပါတယ်။ ဒါ့အပြင်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကြိုဆိုထောက်ခံပွဲကျင်းပရေး ကော်မတီက ငြိမ်းချမ်းရေး ကြေညာစာတမ်း ကို ဖတ်ကြားပြီး ကရင်တိုင်းရင်းသားတွေက ရိုးရာအကတွေနဲ့ ဖျော်ဖြေကြတဲ့အပြင် ရန်ကုန်မျက်မမြင် ကျောင်းမှ မသန်စွမ်းမျက်မမြင်အဖွဲ့က ငြိမ်းချမ်းရေး သီချင်းတွေနဲ့ သီဆိုဖျော်ဖြေကြတာပါ။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က’မျိုးဆက်သစ်လူငယ်တွေအတွက်အားမခံချက်ရှိမယ့်၊ လူသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်မယ့် ၀န်းကျင်အသစ်ကို လိုအပ်တာကြောင့် ကျွန်တော်တို့တတွေ မဖြစ်မနေငြိမ်းရေးကိုယူဖို့လိုပါတယ်။ အစိုးရနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်း တွေကလည်းငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ တက်ရောက်သတင်းမီဒီယာတွေကို ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)