မုံရွာမြို့က ယင်းမာမြိုင် သီလရှင်ကျောင်း မီးလောင်မှု ဖြစ်ပွား

0
326

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ယင်းမာမြိုင်လမ်း၊ ယင်းမာမြိုင်သီလရှင်ကျောင်း မှာ ဖေဖော်ဝါရီလ ၆ ရက် ဒီကနေ့ မနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ သီလရှင်ကျောင်း ၃၆x၃၆ပေ သွပ်မိုး၊ ပျဉ်ခင်း၊ RC(၃)ထပ်ဆောင်မှ စတင်မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားရာနေရာကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး၊ မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီညီဇော်တို့ ဦးဆောင်ပြီင်္းမီးငြှိမ်းသတ်ယာဉ်(၅)စီး ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ၀င် (၂၈) ဦးနဲ့သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်မှာ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူအသေအပျောက် မရှိပေမယ့် မီးလောင်တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)