မောင်တောက ရွာသုံးရွာမှာ လက်နက်ကိုင်သင်တန်း တက်ရောက်ပြီးသူ ငါးဦး ဖမ်းမိ

0
357

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရွာသုံးရွာမှာ လက်နက်ကိုင်သင်တန်း တက်ရောက်ခဲ့သူ ငါးဦးကို ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

rakhine

မောင်တောမြို့နယ်၊ ဒါးပိုင်ဆရာကျေးရွာ၊ မောင်ကြီးတောင် ကျေးရွာနဲ့ ဂေါ်ဒူသာရ(အရှေ့)ကျေးရွာတွေမှာ ဖမ်းဆီးရမိခဲ့တာပါ။

ဒါးပိုင်ကျေးရွာက ဆူနာလီဆိုသူရဲ့ ဥယျာဉ်ခြံထဲမှာ ၂၀၁၆ ဇူလိုင် ပထမပတ်ကစပြီး သင်တန်းသား ၁၅ ဦးကို သင်တန်းပို့ချခဲ့တယ်ဆိုတဲ့ တရားခံ မာဒူးလာရဲ့ ထွက်ဆိုချက်အရ လုံခြုံရေါ်တပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းမှာ ကျေးရွာအနီးကို ပိတ်ဆို့ပြီး အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ ဆူနာလီက တိမ်းရှောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပ ၈ နာရီမှာ ဆူနာလီကို သူ့နေအိမ်အတွင်းမှာ ဖမ်းမိခဲ့ပြီးပါတယ်။ ဒါ့အပြင် အဲဒီမတိုင်မီ နံနက် ၆နာရီမှာ မောင်ကြီးတောင်(တောင်)ရွာမှာ မာမောက်နိုမန်ကို ဖမ်းမိပြီး နံနက် ၇ နာရီမှာ ဂေါ်ဒူသာရ ကျေးရွာမှာ အီစမိုင်၊ မာမောက်ဟူဆန်နဲ့ မာမက်ကာဆိမ်း တို့ သုံးဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းမိတဲ့ ငါးဦးစလုံးဟာ လက်နက်ကိုင်သင်တန်းတက်ရောက်ပြီးသူတွေဖြစ်ပြီး သူတို့ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)