မောင်တောမှာ WY စာတန်းပါ စိတ်ကြွဆေးပြား ကျပ် သိန်း ၂ ထောင်ဖိုး ဖမ်းမိ

0
376

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့က စိတ်ကြွဆေးပြား ငွေကျပ် သိန်း ၂ ထောင်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။

wy

ဒီကနေ့ နံနက် ၄ နာရီခွဲက နတ်မြစ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ လက်ခတ်လောင်းလှေ တစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့တာပါ။

wy2

အဲဒီလှေဟာ တက်ချောင်းဝအနီးမှာ တစ်ဖက်နိုင်ငံထဲကို လှော်ခတ်နေတာကြောင့် မသင်္ကာဖွယ်အနေနဲ့ ချက်ပြမီးပြပြီး ခေါ်ယူခဲ့ပေမဲ့ လာရောက်ခြင်းမရှိတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

wy3

လှေဟာ အလျား ပေ ၂၀၊ အနံ ၃ ပေရှိပြီး အနက်ရောင်ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ အထုပ် ၁ ထုပ်ထဲမှာ ငွေကျပ် သိန်း ၂ ထောင်ခန့် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား ၁ သိန်းကို တွေ့ရှိခဲ့ပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ လောင်းလှေထဲက မူးယစ်ဆေးတွေကို သက်ဆိုင်ကို လွှဲပြောင်းပေးအပ်ထားပြီး လှေပေါ်ပါတဲ့ လူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)