မထသနဲ့ လက်ရှိ ယာဉ်လိုင်း ၃၀၀ ကျော်ကို ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းမယ်

0
316

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)နဲ့ လက်ရှိ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဖျက်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

mahtatha

အဲဒီလို ဖျက်သိမ်းပြီးနောက်မှာ ယာဉ်လိုင်း အသစ် ၅၈ လိုင်းပြန်လည် သတ်မှတ်ပေးပြီး အဲဒီယာဉ်လိုင်းတွေကို ထိန်းချုပ်ဖို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌတာဝန်ကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တာဝန်ယူဆောင်ရွက်သွားမှာပါ။

ယာဉ်လိုင်းအသစ်တွေ ပြန်လည်ချပေးရာမှာ ယာဉ်စီးခအနေနဲ့ ၁၀၀၊ ၂၀၀၊ ၃၀၀ ဆိုပြီး အသီးသီး သတ်မှတ်ထားပြီး ယာဉ်အမျိုးအစားအနေနဲ့တော့ BM ယာဉ်တွေနဲ့ ဒိုင်နာတွေကိုတော့ လုံးဝ ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။

မော်တော်ယာဉ်လိုင်းအသစ် လျှောက်ထားမယ့်သူတွေအနေနဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တောင်ဥက္ကလာက စုပေါင်းရုံးမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။

လတ်တလောမှာတော့ မော်တော်ယာဉ်တွေကို အဆင်ပြေတဲ့ ယာဉ်လိုင်းတွေမှာပဲ ချပေးဖို့ပဲရှိတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)