ကိုဂွမ်ဆိုင်းအောင် သေဆုံးမှုအတွက် တပ်သား မောင်မောင် ထောင်ဒဏ် ၂ နှစ် ချခံရ

0
324

ကချင်တိုင်းရင်းသား ကျောင်းသား ကိုဂွမ်ဆိုင်းအောင် သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်သား မောင်မောင်ကို စစ်တရားရုံးက ဇန်နဝါရီ ၅ ရက်နေ့မှာ လူသေမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

gum-seng-aung

အသက် ၁၉ နှစ်အရွယ် ကချင်တိုင်းရင်းသား ကိုဂွမ်ဆိုင်းအောင်ဟာ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တပ်သား မောင်မောင်ရဲ့ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာပါ။

တပ်မတော်ဘက်ကတော့ ကိုဂွမ်ဆိုင်းအောင်ဟာ သေနတ်ကို ဝင်လုတာကြောင့် ကျည်လွတ်သွားချိန်မှာ ကျည်မှန်ပြီး သေဆုံးခဲ့တာလို့ ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အကျဉ်းစစ်တရားရုံးချုပ်မှာ စစ်ဆေးစဉ်တုန်းကတော့ တပ်သား မောင်မောင်ဟာ ကိုဂွမ်ဆိုင်းအောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တာကို တရားရုံးတက်ရောက်ခဲ့သူတွေက ကြားသိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)