ဘင်္ဂါလီအရေးဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ကို အထူးသံတမန်တစ်ဦး စေလွှတ်မယ်

0
347

ရခိုင်ပြည်နယ်က ဘင်္ဂါလီကိစ္စတွေနဲ့ပတ်သက်ပြီး တင်းမာမှု မြင့်မားနေတဲ့အတွက် လာမယ့်တစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အရေးပေါ်အစည်းအဝေးလုပ်ဖို့ မြန်မာနိုင်ငံက အထူးသံတမန်တစ်ဦး စေလွှတ်ဖို့ ရှိနေပါတယ်။

myanmar

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော် ဒါကာမှာရှိတဲ့ နှစ်နိုင်ငံရေးရာ သံတမန်အသိုင်းအဝိုင်းက အခုလိုပြောကြားခဲ့တာလို့ Daily Star သတင်းဌာနက ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

အဲဒီအထူးသံတမန်အဖြစ် နိုင်ငံခြားရေး ဒုတိယဝန်ကြီးဦးကျော်တင်ကို ရွေးချယ်ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စေလွှတ်ဖွယ်ရှိကြောင်း ဒါကာမြို့က သံတမန်ရေးရာ အသိုင်းအဝိုင်းက ဇန်နဝါရီ ၅ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့လည်း Daily Star သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီ အထူးသံတမန်ဟာ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ၊ နိုင်ငံခြားရေးဝန်ကြီး AH မာမွတ်အလီ၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး Md ရှာဟီဒူလ်ဟာကီတို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ပြဿနာရဲ့ အကြောင်းရင်းမြစ်ကို ဖြေရှင်းဖို့ ဇန်နဝါရီ ၅ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက စေလွှတ်မယ့် အထူးသံတမန်ရောက်ရှိမယ့်အချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကော်မရှင်နာရုံး (OHCHR)က အဖွဲ့တစ်ဖွဲ့လည်း ရောက်ရှိနိုင်ဖွယ်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)