အလဲဗင်းမီဒီယာဂရု စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး အာမခံ ရရှိ

0
250

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံထားရတဲ့ အလဲဗင်းမီဒီယာဂရုရဲ့ စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးက အာမခံ ပေးလိုက်ပါတယ်။

eleven

ဒေါက်တာသန်းထွဋ်အောင်နဲ့ ဦးဝေဖြိုးတို့ကို တရားရုံးက ငွေ ကျပ် သိန်း ၅၀၀ နဲ့ အာမခံပေးလိုက်တာပါ။

အလဲမင်းမီဒီယာဟာ ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းတန် Patek Phillippe နာရီတစ်လုံး စီးပွားရေးသမား တစ်ယောက်ဆီက လက်ဆောင်ရယူခဲ့တယ်လို့ ရေးသားခဲ့တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

အလဲဗင်းမီဒီယာရဲ့ အမှုဟာ အာမခံနှစ်ကြိမ် လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး တရားစွဲခံရပြီး တစ်လကျော်ကြာပြီးနောက်မှာ အလဲဗင်းမီဒီယာက တရားဝင် ဝန်ချတောင်းပန်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာပြီးနောက်မှာ အခုလို အာမခံချက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)