ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဇန်နဝါရီ ၉ ရက်နေ့ မြန်မာနိုင်ငံကို လာမယ်

0
243

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီဟာ ရှေ့တစ်ပတ်မှာ လာရောက်မယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

yanheele

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ ဇန်နဝါရီ ၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာပါ။

အဲဒီခရီးစဉ်ဟာ ၁၂ ရက်ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ပဋိပက္ခတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ပြည်ပက စွပ်စွဲမှုတွေ ရှိနေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း မလေးရှားရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်ကိစ္စကြောင့် ပြည်ပက အိုင်အက်စ် ထောက်ခံသူတွေဟာ မြန်မာနိုင်ငံကို ဝင်ရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ အန္တရာယ် မြင့်တက်လာနေတယ်လို့ သတိပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)