မောင်တောဒေသ သတင်းမြေပြင် အခြေအနေနဲ့ ကွဲလွဲမှုတွေ ရှိနေ

0
295

ကောလာဟလ အမျိုးမျိုးထွက်ရှိနေပေမယ့် အမှန်တကယ်မြေပြင် အခြေအနေများနဲ့ ကွဲပြားခြားနားမှုတွေ ရှိနေတယ်လို့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

15879158_1047077512085929_1663155986_n

ဇန်နဝါရ်ီလ ၅ ရက်နေ့က နေပြည်တော် နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးအမှတ်(၁/၂၀၁၇)မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။ မောင်တောဒေသရဲ့အခြေအနေမှန်တွေကို သိရှိစေဖို့ ကော်မရှင်ရဲ့ကြားဖြတ်အစီရင်ခံစာကို ဇန်နဝါရီ လ ၃ ရက်နေ့က အများပြည်သူသိရှိဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်ကော်မရှင်အနေနဲ့ ထပ်မံစုံစမ်းစစ်ဆေးတာတွေပြုလုပ်ပြီး အပြီးသတ်အစီရင်ခံစာကို သတ်မှတ်ချိန်ကာလ အတွင်းပြီးစီးအောင် ပြုစုရေးသားကြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)