တီးတိန္ (ဇိုမီး) အဖြဲ႔က ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ကို ခ်င္းသူရဲေကာင္းဘြဲ႔ ဂုဏ္ျပဳေပးအပ္

0
864

ခ်င္းျပည္နယ္ တီးတိန္ (ဇိုမီး) အဖြဲ႔က တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို ခ်င္းသူရဲေကာင္းဘြဲ႔ ဂုဏ္ျပဳေပးအပ္ပါတယ္။

မေန႔က ဒီဇင္ဘာလ ၄ ရက္ေန႔မွာ တီးတိန္ (ဇိုမီး) အဖြဲ႔က ကက္သလစ္ ဘုန္းေတာ္ႀကီး ဂ်ဳးဇက္ သန္နင္ဇိုမြန္ ဦးေဆာင္တဲ့ အဖြဲ႔က ေနျပည္ေတာ္မွာ လာေရာက္ ေပးအပ္တာ ျဖစ္ပါတယ္။ ဦးလ်န္ခန္႔ေတြာင္က ခ်င္းသူရဲေကာင္းအေၾကာင္း ဖတ္ၾကားၿပီး ဦးခမ္းဆြင္းမံုက တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ခ်င္းသူရဲေကာင္းဘြဲ႔ အထိမ္းအမွတ္ ေပးအပ္ပါတယ္။

ခ်င္းသူရဲေကာင္းဘြဲ႔ဟာ ေျမာက္ပိုင္း ခ်င္းတိုင္းသားေတြရဲ႕ အျမင့္ဆံုး သူရဲေကာင္းဘြဲ႔ျဖစ္ၿပီး ခ်င္းသူရဲေကာင္းေတြ ကိုင္ေဆာင္ခဲ့တဲ့ ဓားနဲ႔ ပံုစံတူ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

တီးတိန် (ဇိုမီး) အဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုပေးအပ်

ချင်းပြည်နယ် တီးတိန် (ဇိုမီး) အဖွဲ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချင်းသူရဲကောင်းဘွဲ့ ဂုဏ်ပြုပေးအပ်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့မှာ တီးတိန် (ဇိုမီး) အဖွဲ့က ကက်သလစ် ဘုန်းတော်ကြီး ဂျုးဇက် သန်နင်ဇိုမွန် ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်မှာ လာရောက် ပေးအပ်တာ ဖြစ်ပါတယ်။ ဦးလျန်ခန့်တွောင်က ချင်းသူရဲကောင်းအကြောင်း ဖတ်ကြားပြီး ဦးခမ်းဆွင်းမုံက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ချင်းသူရဲကောင်းဘွဲ့ အထိမ်းအမှတ် ပေးအပ်ပါတယ်။

ချင်းသူရဲကောင်းဘွဲ့ဟာ မြောက်ပိုင်း ချင်းတိုင်းသားတွေရဲ့ အမြင့်ဆုံး သူရဲကောင်းဘွဲ့ဖြစ်ပြီး ချင်းသူရဲကောင်းတွေ ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ ပုံစံတူ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)