ျမန္မာလုပ္သားေတြ ေငြလႊဲပို႔ႏိုင္ေရး ထိုင္း ကာစီကြန္ဘဏ္နဲ႔ MOEAF တို႔ ေဆြးေႏြး

0
591

ထိုင္းႏိုင္ငံကုိ MoU စနစ္နဲ႔ ေရာက္ရိွေနတဲ့ ျမန္မာလုပ္သားေတြရဲ႕ မိသားစု လႊဲပို႔ေငြေတြကုိ တရားဝင္ ဘဏ္စနစ္ေတြက တဆင့္ ႏိုင္ငံတြင္းရိွ ဘဏ္ေတြကုိ ခ်ိတ္ဆက္ေရာက္ရိွႏုိင္ဖို႔ ထိုင္းႏိုင္ငံ အေျခစိုက္ Kasikorn Bank (ကာစီကြန္ဘဏ္) နဲ႔  ျမန္မာျပည္ပ အလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္း႐ွင္မ်ား အဖြဲ႔ခ်ဳပ္ (MOEAF) တို႔ ရန္ကုန္ၿမိဳ႕မွာ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

ကာစီကြန္ဘဏ္ရဲ႕ ATM စက္ေတြကတဆင့္ ျမန္မာႏိုင္ငံရိွ CB ဘဏ္၊ KBZ ဘဏ္၊ AGD ဘဏ္ေတြကုိ ခ်ိတ္ဆက္ၿပီး ေငြလႊဲႏိုင္တဲ့စနစ္ေတြကို တည္ေဆာက္ထားေပမယ့္ လက္ေတြ႔ ေျမျပင္မွာ  ျမန္မာအလုပ္သမားေတြ အခက္အခဲေတြ ျဖစ္ေပၚေနတာ ျဖစ္ပါတယ္။

ကာစီကြန္ဘဏ္ေတြမွာ ျမန္မာ အကၡရာအသံုးျပဳၿပီး ေငြလႊဲပို႔မႈေတြ လုပ္နုိင္ေပမယ့္ စာမတတ္သူေတြနဲ႔  အကူအညီ လိုအပ္ပါက ဆက္သြယ္နိုင္မယ့္ Customers service ရိွ ျမန္မာ စကားျပန္ေတြ ကိုယ္တိုင္ လုပ္ငန္းစဥ္ကို မသိရွိတဲ့ အေျခအေနမွာ ရွိေနတာျဖစ္ပါတယ္။

 

အဲဒါေၾကာင့္ အလုပ္သမားေတြကုိ အသိပညာေပးရမယ့္ ကိစၥရပ္ေတြ ျပဳျပင္ေျပာင္းလဲသင့္တဲ့ ကိစၥရပ္ေတြ၊  အႀကံျပဳခ်က္ေတြ အပါအဝင္ လြယ္ကူေခ်ာေမြ႔ေစမယ့္ နည္းလမ္းေတြ ေ႐ွ႕လုပ္ငန္းစဥ္ေတြကို အျပန္အလွန္ ေဆြးေႏြးခဲ့ၾကပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

မြန်မာလုပ်သားတွေ ငွေလွှဲပို့နိုင်ရေး ထိုင်း ကာစီကွန်ဘဏ်နဲ့ MOEAF တို့ ဆွေးနွေး

ထိုင်းနိုင်ငံကို MoU စနစ်နဲ့ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေရဲ့ မိသားစု လွှဲပို့ငွေတွေကို တရားဝင် ဘဏ်စနစ်တွေက တဆင့် နိုင်ငံတွင်းရှိ ဘဏ်တွေကို ချိတ်ဆက်ရောက်ရှိနိုင်ဖို့ ထိုင်းနိုင်ငံ အခြေစိုက် Kasikorn Bank (ကာစီကွန်ဘဏ်) နဲ့  မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တို့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကာစီကွန်ဘဏ်ရဲ့ ATM စက်တွေကတဆင့် မြန်မာနိုင်ငံရှိ CB ဘဏ်၊ KBZ ဘဏ်၊ AGD ဘဏ်တွေကို ချိတ်ဆက်ပြီး ငွေလွှဲနိုင်တဲ့စနစ်တွေကို တည်ဆောက်ထားပေမယ့် လက်တွေ့ မြေပြင်မှာ  မြန်မာအလုပ်သမားတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ကာစီကွန်ဘဏ်တွေမှာ မြန်မာ အက္ခရာအသုံးပြုပြီး ငွေလွှဲပို့မှုတွေ လုပ်နိုင်ပေမယ့် စာမတတ်သူတွေနဲ့  အကူအညီ လိုအပ်ပါက ဆက်သွယ်နိုင်မယ့် Customers service ရှိ မြန်မာ စကားပြန်တွေ ကိုယ်တိုင် လုပ်ငန်းစဉ်ကို မသိရှိတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

အဲဒါကြောင့် အလုပ်သမားတွေကို အသိပညာပေးရမယ့် ကိစ္စရပ်တွေ ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စရပ်တွေ၊  အကြံပြုချက်တွေ အပါအဝင် လွယ်ကူချောမွေ့စေမယ့် နည်းလမ်းတွေ ရှေ့လုပ်ငန်းစဉ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)