ရာသီဥတု ေဖာက္ျပန္မႈဒဏ္ အခံရဆံုး ႏိုင္ငံေတြထဲမွာ ျမန္မာလည္း ပါ

0
646

၂၀၁၇ ခုႏွစ္အတြင္းမွာ ႏိုင္ငံ ၁၇၃ ႏိုင္ငံအနက္ ရာသီဥတု ေဖာက္ျပန္မႈဒဏ္ အခံရဆံုးႏိုင္ငံေတြကို အဆင့္သတ္မွတ္ရာမွာ ပြာတိုရီကို၊ ဟြန္ဒူရပ္စ္နဲ႔ ျမန္မာႏိုင္ငံတို႔က ထိပ္ဆံုးက ပါဝင္ေနပါတယ္။

၂၀၁၇ ခုႏွစ္အတြင္း ရာသီဥတုဒဏ္ အဆိုးရြားဆံုး ခံရတဲ့ “ရာသီဥတု အႏၱရာယ္ အညႊန္း” မွာ ကရစ္ဘီယံ ႏိုင္ငံ ႏွစ္ခုနဲ႔ အေရွ႕ေတာင္အာရွက ျမန္မာႏိုင္ငံတို႔ ထိပ္ဆံုးမွာ ပါဝင္ေနတာ ျဖစ္ပါတယ္။ ရာသီဥတုဒဏ္ အခံရဆံုး ႏိုင္ငံ ၁၀ ႏိုင္ငံကေတာ့ ပြာတိုရီကို၊ ဟြန္ဒူရပ္စ္၊ ျမန္မာ၊ ေဟတီ၊ ဖိလစ္ပိုင္၊ နီကာရာဂြာ၊ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္၊ ဗီယက္နမ္နဲ႔ ဒိုမီနီကာတို႔ ျဖစ္ပါတယ္။

Germanwatch ရဲ႕ အစီရင္ခံစာအရ ၂၀၁၇ ခုႏွစ္ဟာ ကမာၻမွာ ျပင္းထန္တဲ့ ရာသီဥတုေၾကာင့္ ထိခိုက္ပ်က္စီးမႈ အမ်ားဆံုးႏွစ္ ျဖစ္တယ္လို႔ မွတ္တမ္းတင္ထားပါတယ္။ ရာသီဥတု ေဖာက္ျပန္မႈဒဏ္ ခံရတဲ့ ႏိုင္ငံေတြဟာ သဘာဝေဘးဒဏ္ကို တံု႔ျပန္ဖို႔ ပစၥည္းကိရိယာေတြ အားနည္းၿပီး အဲဒီ ေဖာက္ျပန္မႈရဲ႕ ေနာက္ဆက္တြဲ ဒဏ္ေတြကိုလည္း ခံစားရတယ္လို႔ သုေတသီေတြက ေထာက္ျပပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ရာသီဥတု ဖောက်ပြန်မှုဒဏ် အခံရဆုံး နိုင်ငံတွေထဲမှာ မြန်မာလည်း ပါ
၂၀၁၇ ခုနှစ်အတွင်းမှာ နိုင်ငံ ၁၇၃ နိုင်ငံအနက် ရာသီဥတု ဖောက်ပြန်မှုဒဏ် အခံရဆုံးနိုင်ငံတွေကို အဆင့်သတ်မှတ်ရာမှာ ပွာတိုရီကို၊ ဟွန်ဒူရပ်စ်နဲ့ မြန်မာနိုင်ငံတို့က ထိပ်ဆုံးက ပါဝင်နေပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရာသီဥတုဒဏ် အဆိုးရွားဆုံး ခံရတဲ့ “ရာသီဥတု အန္တရာယ် အညွှန်း” မှာ ကရစ်ဘီယံ နိုင်ငံ နှစ်ခုနဲ့ အရှေ့တောင်အာရှက မြန်မာနိုင်ငံတို့ ထိပ်ဆုံးမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ရာသီဥတုဒဏ် အခံရဆုံး နိုင်ငံ ၁၀ နိုင်ငံကတော့ ပွာတိုရီကို၊ ဟွန်ဒူရပ်စ်၊ မြန်မာ၊ ဟေတီ၊ ဖိလစ်ပိုင်၊ နီကာရာဂွာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဗီယက်နမ်နဲ့ ဒိုမီနီကာတို့ ဖြစ်ပါတယ်။
Germanwatch ရဲ့ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်ဟာ ကမ္ဘာမှာ ပြင်းထန်တဲ့ ရာသီဥတုကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးနှစ် ဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံရတဲ့ နိုင်ငံတွေဟာ သဘာဝဘေးဒဏ်ကို တုံ့ပြန်ဖို့ ပစ္စည်းကိရိယာတွေ အားနည်းပြီး အဲဒီ ဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ ဒဏ်တွေကိုလည်း ခံစားရတယ်လို့ သုတေသီတွေက ထောက်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)