ထိုင္းမွာ ယာဥ္တိုက္မႈေၾကာင့္ ျမန္မာအလုပ္သမား ငါးဦး ဒဏ္ရာ ျပင္းထန္စြာ ရ

1
789

ထိုင္းႏိုင္ငံ၊ ဘန္ပါဟန္ ဒိစႀတိတ္မွာ မေန႔ ဒီဇင္ဘာလ ၄ ရက္ေန႔က လမ္းမေဘးမွာ ရပ္ထား ထရပ္ကားကို ဗန္ကားက ဝင္တိုက္မိလို႔ ကားေပၚပါ ျမန္မာအလုပ္သမား ငါးဦး ျပင္းျပင္းထန္ထန္ ဒဏ္ရာ ရရွိသြားပါတယ္။

မနက္ ၅ နာရီခန္႔က ဟန္ဆန္းၿမိဳ႕နယ္ရွိ ဘန္ေကာက္နဲ႔ ဆက္သြယ္ထားတဲ့ အာရွ လမ္းမႀကီးေပၚမွာ ယာဥ္တိုက္မႈ ျဖစ္ခဲ့တာ ျဖစ္တယ္လို႔ ထိုင္းရဲတပ္ဖြဲ႔က ေျပာပါတယ္။ ဘန္ေကာက္မွတ္ပံုတင္ ဗန္ကားရဲ႕ အေရွ႕ပိုင္းဟာ ဆိုးဆိုးရြားရြား ပ်က္စီးသြားပါတယ္။ ကားပိုင္ရွင္နဲ႔ ယာဥ္ေမာင္းလည္းျဖစ္သူ ထိုင္းလူမ်ိဳး ဆဝါအန္ ေသာ္ဝန္ (၃၇ ႏွစ္) ကေတာ့ ဒဏ္ရာမရွိဘဲ ခရီးသည္ ၁၁ ဦးအနက္ ျမန္မာ အမ်ိဳးသား သံုးဦးနဲ႔ ျမန္မာ အမ်ိဳးသမီး ႏွစ္ဦးတို႔ ျပင္ျပင္းထန္ထန္ ဒဏ္ရာရလို႔ ေဆး႐ံု တင္ပို႔ထားပါတယ္။

ခရီးသည္ အားလံုးဟာ ျမန္မာႏိုင္ငံက အလုပ္သမားမွတ္ပံုတင္ရွိတဲ့ ေရႊ႕ေျပာင္းလုပ္သားေတြ ျဖစ္တယ္လို႔ ဗန္ကား ယာဥ္ေမာင္းက ေျပာပါတယ္။ ခရီးသည္ေတြကို ဆမြတ္ေဆာင္ခမ္ရွိ မဟာခ်ိဳင္ေ်စ်းကို ပို႔ေဆာင္တာ ျဖစ္ပါတယ္။

ထရပ္ကား ယာဥ္ေမာင္း ပီတက္က သူခဏ အိပ္ခ်င္လို႔ ကားကို လမ္းေဘးမွာ ရပ္ထားတာ ျဖစ္တယ္လို႔ ရဲကို ေျပာပါတယ္။ သူ႔ထရပ္ကားကို ေနာက္က ဗန္ကား ဝင္တိုက္စဥ္မွာလည္း သူက ကားထဲမွာ အိပ္ေနတာ ျဖစ္ပါတယ္။ ဗန္ကား ေမာင္းသမားဟာလည္း ယာဥ္ေမာင္းေနစဥ္ အိပ္ငိုက္ေနတယ္လို႔ ထိုင္းရဲက သံသယရွိတဲ့အတြက္ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ထိုင်းမှာ ယာဉ်တိုက်မှုကြောင့် မြန်မာအလုပ်သမား ငါးဦး ဒဏ်ရာ ပြင်းထန်စွာ ရ
ထိုင်းနိုင်ငံ၊ ဘန်ပါဟန် ဒိစတြိတ်မှာ မနေ့ ဒီဇင်ဘာလ ၄ ရက်နေ့က လမ်းမဘေးမှာ ရပ်ထား ထရပ်ကားကို ဗန်ကားက ဝင်တိုက်မိလို့ ကားပေါ်ပါ မြန်မာအလုပ်သမား ငါးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားပါတယ်။
မနက် ၅ နာရီခန့်က ဟန်ဆန်းမြို့နယ်ရှိ ဘန်ကောက်နဲ့ ဆက်သွယ်ထားတဲ့ အာရှ လမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဘန်ကောက်မှတ်ပုံတင် ဗန်ကားရဲ့ အရှေ့ပိုင်းဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။ ကားပိုင်ရှင်နဲ့ ယာဉ်မောင်းလည်းဖြစ်သူ ထိုင်းလူမျိုး ဆဝါအန် သော်ဝန် (၃၇ နှစ်) ကတော့ ဒဏ်ရာမရှိဘဲ ခရီးသည် ၁၁ ဦးအနက် မြန်မာ အမျိုးသား သုံးဦးနဲ့ မြန်မာ အမျိုးသမီး နှစ်ဦးတို့ ပြင်ပြင်းထန်ထန် ဒဏ်ရာရလို့ ဆေးရုံ တင်ပို့ထားပါတယ်။
ခရီးသည် အားလုံးဟာ မြန်မာနိုင်ငံက အလုပ်သမားမှတ်ပုံတင်ရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်လို့ ဗန်ကား ယာဉ်မောင်းက ပြောပါတယ်။ ခရီးသည်တွေကို ဆမွတ်ဆောင်ခမ်ရှိ မဟာချိုငျေ်ဈးကို ပို့ဆောင်တာ ဖြစ်ပါတယ်။
ထရပ်ကား ယာဉ်မောင်း ပီတက်က သူခဏ အိပ်ချင်လို့ ကားကို လမ်းဘေးမှာ ရပ်ထားတာ ဖြစ်တယ်လို့ ရဲကို ပြောပါတယ်။ သူ့ထရပ်ကားကို နောက်က ဗန်ကား ဝင်တိုက်စဉ်မှာလည်း သူက ကားထဲမှာ အိပ်နေတာ ဖြစ်ပါတယ်။ ဗန်ကား မောင်းသမားဟာလည်း ယာဉ်မောင်းနေစဉ် အိပ်ငိုက်နေတယ်လို့ ထိုင်းရဲက သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.