သမ္မတဦးထင်ကျော် Mr.Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

0
247

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါတယ်။

15267868_1159565967424471_1945056407929392942_n

အဲဒီလိုတွေဆုံရာမှာ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အသိုက်အ၀န်းအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရဲ့ အရေးပါမှု၊ မမှန်ကန်တဲ့ ကောလာဟလ သတင်းတွေအပေါ် မှန်ကန်စွာ တုံ့ပြန်ပြီး ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ဖို့ အရေးကြီးပြီး၊ နှစ်ဖက် အသိုက်အ၀န်းအကြား အပြန်အလှန် ထိတွေ့ ဆက်ဆံမှုတွေက တစ်ဆင့် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ လိုအပ်နေတာပါ။

ရခိုင်ပြည်နယ်အတွင်း စီးပွားရေး အလားအလာကောင်းတွေ ပိုမို ဖြစ်ထွန်းပေါ်ပေါက်ရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းတွေ တိုးမြှင့်ဖွင့်လှစ်သွားနိုင်မယ့် အလားအလာတွေ ဖော်ထုတ်သွားရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့အညီ အခွင့်အရေးတွေ ရရှိရေးနဲ့ နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)