ဟုမ္မလင်းမှာ မူလတန်းကျောင်းဆရာက တတိယတန်းကျောင်းသူကို အဓမ္မကျင့်

0
334

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ဆရာဖြစ်သူက တပည့်ဖြစ်တဲ့တတိယတန်းကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၃ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့မရဲစခန်းက MCN သတင်းဌာနကိုပြောပါတယ်။

homalin

ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းကျေးရွာက ဒေါ်မြသီရဲ့ တူမဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် တတိယကျောင်းသူ မစန္ဒာဦးဟာ လောင်းမင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှာ အချိန်ပိုတက်ရောက်ခဲ့ပြီးနောက်မှာ မိန်းမကိုယ်ထဲကနေ သွေးတွေထွက်ကျပြီး အိမ်ပြန်ရောက်လာတဲ့အတွက် အဒေါ်ဖြစ်သူက မေးမြန်းရာမှာ မူလတန်းကျောင်းက အသက် ၂၆ နှစ်အရွယ် ကျောင်းဆရာ ကိုတင်မင်းနိုင်က သားမယားပြုကျင့်တာခံခဲ့ရတာကို သိရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်မြသီက ဟုမ္မလင်းမြို့မရဲစခန်းမှာ တရားလိုလုပ် တိုင်ကြားခဲ့တာကြောင့် မြို့မရဲစခန်းက အမှုကြီး အမှတ်စဉ် ၆/၂၀၁၆၊ (ပ) ၆၄၀/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)