တောင်ဒဂုံ မြို့နယ်အားကစားကွင်းကို တစ်လတစ်သိန်းနဲ့ ဇေယျာရွှေမြေအသင်းကို ငှားရမ်းထား

0
319

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြိ့နယ်အားကစားကွင်းကို စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဇေယျာရွှေမြေအသင်း လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုနိုင်ရန် တစ်လ တစ်သိန်းကျပ်နဲ့ ငှားရမ်းထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါတယ်။

zeyarshwemyay
(ဓာတ်ပုံ – Zeyar Shwe Myay Football Club Facebook Page)

ဒီဇင်ဘာလ ၅ ရက်နေ့ ဒီကနေ့မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအ ဝေးမှာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဲဒီလိုပြောဆိုလိုက်တာပါ။

အရင်အားကစား ၀န်ကြီးဌာနက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ငှားရမ်းခဲ့ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဇေယျာရွှေမြေဘောလုံး အသင်းကို သုံးနှစ်အခမဲ့ငှားရမ်းပြီး နောက်ပိုင်းတွင်း တစ်လကို မြန်မာငွေကျပ် တစ်သိန်းနဲ့ နှစ်ပေါင်း ၃၀ ငှားရမ်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီ တောင်ဒဂုံမြို့နယ် အားကစားကွင်းမှာ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးကို ကျင်းပပြုလုပ်သွား မှာဖြစ်ပြီး စာချုပ်ပါစည်းကမ်းတွေအရ ပြန်လည်တောင်းယူသွားမှာမဟုတ်ဘူးလို့ ၀န်ကြီးက ပြောဆိုခဲ့ပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)