ကသာမှာ မူးယစ်ဆေးဝါး အပြားပေါင်း တစ်သောင်း ဖမ်းဆီးရမိ

0
337

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် လမ်းခွကျေးရွာ မောင်းတံဂိတ်မှာ ကသာကနေ အင်းတော်ကို ကိုစည်သူအောင်(ခ) ကိုမောင်မောင်
မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာမှာ စိတ်ကြွဆေးပြား တစ်သောင်းကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

15284971_624994527703784_6695250915369704896_n

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ လမ်းခွကျေးရွာလမ်းအသုံးပြုချကောက်ခံရေးဂိတ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့က စောင့်ဆိုင်းနေချိန်မှာ ဆိုင်ကယ်ဒူးကာအတွင်း သိုဝှက်သွယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား တစ်သောင်းကျော်ကို ဖမ်းမိခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကသာမြို့မရဲစခန်းက ကိုစည်သူအောင်(ခ)ကိုမောင်မောင်ကိုမယ(ပ)၄၈/၂၀၁၆၊ပုဒ်မ၁၅/၁၉(က)အရ
အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)