မလေးရှားဝန်ကြီးချုပ်ကို သံဃာတော်တွေနဲ့ပြည်သူတွေ ကန့်ကွက်ဆန္ဒပြ

0
316

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ပြောကြားခဲ့တဲ့ မှတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့မှာ သံဃာတော်တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

malaysia

သံဃာတော်တွေဦးဆောင်တဲ့ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူ ၁၅၀ လောက်ရှိခဲ့ပြီး ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြင်းထန်တဲ့စကားလုံးတွေသုံးစွဲပြီး စွပ်စွဲပြောကြားခဲ့တာပါ။ ဒါ့အပြင် ကုလသမဂ္ဂ၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ရခိုင်ကိစ္စမှာ ကြားဝင်ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုခဲ့ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)