ဆန္ဒပြပွဲတွေမှာ ခွင့်ပြုချက်မရှိဘဲ အဖွဲ့ တံဆိပ်အသုံးခဲ့သူတွေကို ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ရှုတ်ချ

0
311

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာမှာ ရခိုင်တိုးတက်ရေးဖောင်ဒေးရှင်း (RDF)ရဲ့ တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ သုံးခဲ့ကြသူတွေကို ရခိုင်တိုးတက်ရေးဖောင်ဒေးရှင်းက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

rakhine

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့တုန်းက ဖလောင်းချိပ်ခရိုင်(ခ)ကော့ဘဇားမြို့မှာ နိုင်ငံရေးပါတီအချို့နဲ့ တခြားအဖွဲ့အစည်းတွေ ဆန္ဒထုတ်ဖော်ရာမှာ ရခိုင်တိုးတက်ရေးဖောင်ဒေးရှင်းရဲ့ တံဆိပ်ဆိုင်းဘုတ် (Banner)ကို အသုံးပြုတဲ့ပုံတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ပြန်တွေ့ရှိခဲ့တာကြောင့် RDF အဖွဲ့က ရှုတ်ချကြောင်း ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြန်လည်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RDF ကို ၁၉၉၃ ခုနှစ်မှာ စတည်ထောင်ပြီး ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်တဲ့ ရခိုင်ဗုဒ္ဓဘာသာလူနည်းစုနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ပံ့ပိုးလာခဲ့ပြီး ဘယ် နိုင်ငံရေးပါတီ၊ စီးပွားရေးသမားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်နေတဲ့ အဖွဲ့မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

RDF ရဲ့ တံဆိပ်ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲတဲ့ကိစ္စမှာ ပါဝင်ခဲ့သူတွေကိုလည်း RDF ကနေ ထုတ်ပယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)