ရခိုင်မှာ လုံခြုံရေးအဖွဲ့အစည်းတွေ လူ့အခွင့်အရေးချိုးဖောက်တာမရှိဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

0
298

ရခိုင်ပြည်နယ်မှာ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ ဘင်္ဂါလီအရေး ကိုင်တွယ်ရာမှာ လူ့အခွင့်အရေးချိုးဖောက်နေတာမျိုး မရှိဘူးလို့ တပ်မတော်ကာကွယ်ရးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji Zulkifeli Bin Mohd Zain ကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

mah

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato’ Sri (Dr.) Haji Zulkifeli Bin Mohd Zain တို့ဟာ ဒီကနေ့ နံနက် ၉ နာရီမှာ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။

mah3

လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ်ရာမှာ ဥပဒေမဲ့ လူသတ်၊ အဓမ္ဒကျင့်၊ မီးရှို့တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိသလို အကယ်၍ ရှိလာခဲ့ရင်လည်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အ့ပြင် ခုဖြစ်နေတဲ့ ကိစ္စတွေဟာ ဘင်္ဂါလီတွေဘက်ကဥပဒေကို လိုက်နာတာကြောင့် ဖြစ်ပေါ်လာတာလို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ပြည်တွင်း၊ ပြည်ပ မီဒီယာတွေရှိနေတဲ့အတွက် ဘင်္ဂါလီအရေးကို လုံခြုံရေးအဖွဲ့အစည်း ကိုင်တွယ်ရာမှာ အင်အားသုံး၊ ဖိအားပေး တိုက်ခိုက်တာတွေ မရှိတဲ့ အခြေအနေအမှန်ကိုလည်း မဟုတ်မမှန် ပြောလို့ မရဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)