ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ကြားဖြတ်အစီရင်ခံစာ တင်မည်

0
274

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ ပထမဆုံးကြားဖြတ် အစီရင်ခံစာကို ဇန်နဝါရီလ နဲ့ ဖေဖေါ်ဝါရီလအတွင်းမှာ
တင်သွင်းတော့မှာဖြစ်ပါတယ်။

15355875_1022291164564564_1797277994_n

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် နဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်မှာဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုကိစ္စတွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နှစ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာပါ။

အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ ရှန်ဂရီလာဟိုတယ်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)