တိုင္းရင္းသားေတြ အလုပ္အကိုင္အခြင့္အလမ္းရရွိေအာင္ လုပ္ငန္းရွင္ေတြ စီစဥ္ေန (႐ုပ္/သံ)

0
652

တိုင္းရင္းသားေဒသေတြမွာ အလုပ္အကိုင္အခြင့္အလမ္းရရွိမယ့္ ခရီးသြားလုပ္ငန္းေတြ ဖြံ႔ၿဖိဳးလာဖို႔အတြက္ ႐ုိးရာပြဲေတာ္ေတြကို ခရီးသြားေတြလာေရာက္ဖို႔ တိုင္းရင္းသားလုပ္ငန္းရွင္ေတြ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

တိုင္းရင္းသားေဒသေတြမွာ ေဒသခံတိုင္းရင္းသားေတြ အလုပ္အကိုင္အခြင့္အလမ္းေတြ ရရွိႏိုင္ဖို႔ ႐ိုးရာဓေလ့ကို အေျခခံတ့ဲ ခရီးသြားလာေရးလုပ္ငန္းေတြ ဖြံၿဖိဳးလာၿပီး ျပည္တြင္း၊ ျပည္ပ ဧည့္သည္ေတြ ဝင္ေရာက္လာႏိုင္ဖို႔ တိုင္းရင္းသားလုပ္ငန္းရွင္ေတြနဲ႕ သက္ဆိုင္ရာဝန္ႀကီးဌာနေတြအၾကား ခ်ိတ္ဆက္ေဆာင္ရြက္မႈေတြ လုပ္ေနတယ္လို႔ ေျပာပါတယ္။

ႏိုဝင္ဘာလ ၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ကုန္သည္စက္မႈလက္မႈအသင္းခ်ဴပ္႐ုံးမွာ ေသြးခ်င္းတို႔ရဲ႕ ပြဲေတာ္ဆီအႀကိဳ ဖြင့္လွစ္တဲ့ အခမ္းအနားမွာ ျမန္မာႏိုင္ငံ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးက ေျပာခဲ့တာပါ။

Soundbite – ဦးႏိုင္သက္လြင္ (ျပည္ေထာင္စုဝန္ႀကီး)
ျပည္ေထာင္စု ျမန္မာႏိုင္ငံတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန

ဒါ့အျပင္ ျမန္မာႏုိင္ငံ တုိင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္းက ျမန္မာႏုိင္ငံအတြင္း ခရီးသြားလုပ္ငန္း ျမွင့္တင္ဖို႔ တုိင္းရင္းသားမ်ိဳးႏြယ္စုေတြရဲ႕ ႐ုိးရာယဥ္ေက်းမႈေတြျဖစ္တဲ့ ႐ုိးရာ အေဆာက္အဦးေတြ၊ တုိင္းရင္းသားလူမ်ိဳးေတြ ေနထိုင္တဲ့ ေဒသဓေလ့ေတြ၊ တုိင္းရင္းသားေဒသထြက္ကုန္ေတြ စတာေတြကို ေလ့လာႏိုင္မယ့္ တုိင္းရင္းသား ရိုးရာယဥ္ေက်းမႈနဲ႔ ခရီးသြားလုပ္ငန္းျမွင့္တင္ေရးပြဲေတာ္တခုကို လာမယ့္ႏွစ္မွာ က်င္းပသြားမယ္လို႔ ေျပာပါတယ္။

Soundbite –ဦးေယာဆက္ (ဥကၠ႒)
ျမန္မာႏုိင္ငံ တုိင္းရင္းသား လုပ္ငန္းရွင္မ်ား အသင္း

အ့ဲဒီပြဲေတာ္ဟာ ျမန္မာႏိုင္ငံ တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္း ဖြဲ႕စည္းၿပီး ၄ လအၾကာမွာ ပထမဆုံး လႈပ္ရွားမႈအေနနဲ႕ က်င္းပတာ ျဖစ္ပါတယ္။ ဒ့ါအျပင္ တုိင္းရင္းသား စီးပြားေရးလုပ္ငန္းစု၊ လုပ္ငန္းရွင္ေတြ အခ်င္းခ်င္း ခ်ိတ္ဆက္သြားဖုိ႔လည္း စီစဥ္ထားၿပီး ပြဲေတာ္ကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕ က်ိဳကၠဆံကြင္းမွာ က်င္းပသြားမွာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသားတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် လုပ်ငန်းရှင်တွေ စီစဉ်နေ
တိုင်းရင်းသားဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိမယ့် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ရိုးရာပွဲတော်တွေကို ခရီးသွားတွေလာရောက်ဖို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဒေသခံတိုင်းရင်းသားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ရိုးရာဓလေ့ကို အခြေခံတဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ ဖွံဖြိုးလာပြီး ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ ဝင်ရောက်လာနိုင်ဖို့ တိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေအကြား ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုလက်မှုအသင်းချူပ်ရုံးမှာ သွေးချင်းတို့ရဲ့ ပွဲတော်ဆီအကြို ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောခဲ့တာပါ။

Soundbite – ဦးနိုင်သက်လွင် (ပြည်ထောင်စုဝန်ကြီး)
ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန

ဒါ့အပြင် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေဖြစ်တဲ့ ရိုးရာ အဆောက်အဦးတွေ၊ တိုင်းရင်းသားလူမျိုးတွေ နေထိုင်တဲ့ ဒေသဓလေ့တွေ၊ တိုင်းရင်းသားဒေသထွက်ကုန်တွေ စတာတွေကို လေ့လာနိုင်မယ့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော်တခုကို လာမယ့်နှစ်မှာ ကျင်းပသွားမယ်လို့ ပြောပါတယ်။

Soundbite –ဦးယောဆက် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း

အဲ့ဒီပွဲတော်ဟာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းပြီး ၄ လအကြာမှာ ပထမဆုံး လှုပ်ရှားမှုအနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းစု၊ လုပ်ငန်းရှင်တွေ အချင်းချင်း ချိတ်ဆက်သွားဖို့လည်း စီစဉ်ထားပြီး ပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)