ေနရပ္စြန္႔ခြာသူေတြ ျပန္လည္လက္ခံေရး ညွိႏိႈင္းစည္းေဝး

0
604

ေနရပ္စြန္႔ခြာသူေတြ ျပန္လည္ လက္ခံေရး ညွိႏိႈင္းအစည္းအေဝးကို ရခိုင္ျပည္နယ္၊၊ ေမာင္ေတာၿမိဳ႕မွာ က်င္းပပါတယ္။

မေန႔က ႏိုဝင္ဘာလ ၄ ရက္ေန႔ အစည္းအေဝးကို ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပု၊ ရခိုင္္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြ႔ံၿဖိဳးေရးစီမံကိန္း (UEHRD) ေကာ္မတီ ဒုတိယ ဥကၠ႒နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး ဒုတိယ ဝန္ႀကီးျဖစ္သူ ဦးခင္ေမာင္တင္နဲ႔ တာဝန္ရွိသူေတြ တက္ေရာက္ပါတယ္။

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ အဖြဲ႔ဟာ ငါးခူရ ျပန္လည္ လက္ခံေရးစခန္းမွာ ေနအိမ္ေတြ တည္ေဆာက္ထားမႈ၊ ေသာက္သံုးေရ ရရွိေရး ေဆာင္ရြက္ထားမႈ၊ ဝန္ထမ္းေတြရဲ႕ အေဆာင္ေတြကို လွည့္လည္ ၾကည့္႐ႈစစ္ေဆးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး ညှိနှိုင်းစည်းဝေး

နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး ညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကျင်းပပါတယ်။

မနေ့က နိုဝင်ဘာလ ၄ ရက်နေ့ အစည်းအဝေးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ ဒုတိယ ဥက္ကဋ္ဌနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီးဖြစ်သူ ဦးခင်မောင်တင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ငါးခူရ ပြန်လည် လက်ခံရေးစခန်းမှာ နေအိမ်တွေ တည်ဆောက်ထားမှု၊ သောက်သုံးရေ ရရှိရေး ဆောင်ရွက်ထားမှု၊ ဝန်ထမ်းတွေရဲ့ အဆောင်တွေကို လှည့်လည် ကြည့်ရှုစစ်ဆေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)