
0
688




>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာစံနဲ့ လိုက်လျောညီထွေစွာ ကျင်းပခဲ့

ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ အတတ်နိုင်ဆုံး လိုက်လျောညီထွေစွာ ကျင်းပဆောင်ရွက်ခဲ့တာကို တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကြေညာပါတယ်။

မိမိတို့ စောင့်ကြည့်လေ့လာခဲ့တဲ့ မဲရုံမှာ မိမိတို့ စောင့်ကြည့်လေ့လာခဲ့တဲ့ အချိန်တွေအတွင်း ပုံမှန် မဟုတ်တဲ့ အနေအထား တစ်စုံတစ်ရာ မတွေ့ရှိရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က မဲရုံပေါင်း ၂၅ ရုံကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သမာသမတ်ကျတဲ့၊ ဘက်မလိုက်တဲ့၊ တိကျမှန်ကန်တဲ့ လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး အထူးသဖြင့် လူ့အခွင့်အရေး သတ်မှတ်ချက်နဲ့ ညီညွတ်မှု ရှိ၊ မရှိ အလေ့ထား စောင့်ကြည့်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)